အင်းတော်ကြီးဒေသမှာ MPT ဖုန်းလိုင်းများ ပြတ်တောက်

အင်းတော်ကြီးအထင်ကရ နတ်လမ်းပေါ်စဉ်အချိန်က Photo/ Khaum

နိုဝင်ဘာ ၄ ၊ အင်းတော်ကြီး 

အင်းတော်ကြီးဒေသတွင် နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်းကတည်းက MPT ဖုန်းလိုင်းအပါအဝင် တခြားသော Telenor , Ooreedoo ဖုန်းများ ပြတ်တောက်ခဲ့

ကြောင်း ဒေသခံများထံမှသိရသည်။ 

Telenor နှင့် Ooreedoo ဖုန်းလိုင်းများသည် ယနေ့ နိုဝင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းတွင် လိုင်းပြန်ပွင့်ခဲပြီး MPT ဖုန်းလိုင်းမှာ လက်ရှိအချိန်ထိ ပြတ်နေသေးကြောင်း သိရသည်။​

အင်းတော်ကြီးဒေသတွင် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဖုန်းလိုင်းပြတ်တောက်မှု ပိုဖြစ်ပွားလာခဲ့သည်။  

အင်းတော်ကြီးအင်းမြှီးဒေသတွင် ဖုန်းလိုင်းပြတ်တောက်မှု အကြိမ်ရေပိုများသည်။ 

တယ်လီနော် နဲ့ အူရီဒူးတော့ရတယ် ၊​ MPT က အခုထိ မရသေးဘူး ၊ ဘာဖြစ်လည်းမသိဘူး ၊ Mytel ကမသုံးတော့ လိုင်းမိလားမမိဘူးလားဆိုတာ မသိဘူး” ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကိုပြောသည်။ 

အင်းတော်ကြီးဒေသတွင် မည်သည့်အတွက်ကြောင့် ပြတ်တောက်သည်ကို မသိရသေးပေ ။ 

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အင်တာနက်ဖြတ်တောက်မှုများ ၊ ဖုန်းလိုင်းဖြတ်တောက်မှုများကို မြို့နယ် (၄၀)ကျော်အထိ ပြုလုပ်ထားပြီး တချို့သော မြို့နယ်များတွင် အချိန်ပိုင်း ပြတ်တောက်မှုများလည်း ကြုံတွေ့နေရကြောင်း သိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *