ဖေဖော်ဝါရီ ၁၄ ၊ အင်းတော်ကြီး
ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်းက အင်းတော်ကြီးဒေသ နန့်မွန်းမြို့တွင် အာဏာသိမ်းထားသည့် စစ်အစိုးရကို ကန့်ကွက်ဆန့်ကျင်သည့် ထိုင်သပိတ် ပြုလုပ်ခဲ့သည်။
နန့်မွန်းမြို့ရှိ ပညာရေးဝန်ထမ်းများ ၊ ကျန်းမာရေးဝန်ထမ်းများ ၊ တိုင်းရင်းသားပြည်သူများ ပါဝင်ခဲ့သည်။
စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများ ၊ CDM လုပ်ရှားမှုအောင်ရမည် ဆောင်ပုဒ်များ ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အင်းတော်ကြီးဒေသ နန့်မွန်းမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ကန့်ကွက် ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်ခဲ့သည်မှာ ရက်သတ္တတစ်ပတ် ရှိခဲပြီဖြစ်သည်။