ဇွန် ၂၉ ၊ အင်းတော်ကြီး
အင်းတော်ကြီးဒေသ နာယကဆရာတော်တစ်ပါးဖြစ်သည့် ချောင်းဝကျောင်းဆရာတော် ဘဒ္ဒန္တဦးတေဇနိယသည် ဇွန်လ ၂၈ ရက်နေ့ညက ပျံလွန်တော်မူသွားကြောင်း သိရသည်။
ဆရာတော်သည် ပျံလွန်တော်မူ အချိန်တွင် သက်တော် ၆၂ ဝါတော် ၄၂ရှိနေပြီဖြစ်သည်။ ဆရာတော်သည် အင်းတော်ကြီးဒေသတွင် ပြုလုပ်သည့် ရွှေမဉ္ဇူရေလည်ဘုရားပွဲ ၊ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကပြုလုပ်သည့် နှစ်သစ်ကူးပွဲများ တွင် ဩဝါဒဆရာတော်လည်းဖြစ်သည်။
အင်းတော်ကြီးဒေသရှိ ဿသနာပျံ့ပွားရေး လုပ်ငန်းများ နှင့် အင်းတော်ကြီး အင်းမြှီးဒေသရှိ ကျေးရွာများ၏ ညီညွတ်ရေး လုပ်ငန်းများကိုလည်း အစဉ်တစိုက်လုပ်ဆောင်ခဲ့သည့် ဆရာတော်တစ်ပါးလည်းဖြစ်သည်။