အင်းတော်ကြီးဒေသ ရှမ်းနီစာပေနှင့်ရိုးရာယဉ်ကျေးမှုကော်မတီမှ ဦးစီးပြီး ပထမဆုံးအကြိမ် ပြုလုပ်သည့် အခြေခံအိမ်တွင်းမှု စက်ချုပ်သင်တန်း ဆင်းပွဲကို နိုဝင်ဘာလ ၁၄ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းကို အင်းတော်ကြီးမြို့တွင်ရှိသည့် ရှမ်းနီတိုင်းရင်းသားဓမ္မာရုံတွင် ကျင်းပြုလုပ်ခဲ့သည်။ “ တစ်လသင်တန်းမှာ ဆိုရင်စက်အခြေခံသင်ပေးတယ်၊ လက်အခြေခံသင်ပေးတယ်” ဟု ထိုသင်တန်းမှ သတင်းဆရာမ ဒေါ်လှလှဌေးက ပြောကြားသည်။
ထိုသင်တန်းတွင် အင်းတော်ကြီးဒေသရှိ ကျေးရွာများမှ ရှမ်းနီတိုင်းရင်းသူအများဆုံးတက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
“ ကျွန်တော်တို့အကုန်လုံးအခြေခံလည်းရတယ်။ အပြင်မှာလည်း လုပ်စားလို့ရတယ်၊ သင်တန်းပြန်ပို့ချ ပေးလို့လည်းရတယ်” ဟု သင်တန်းသူ မေနှင်းအောင်ကပြောကြားသည်။
ထိုသင်တန်းကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။