အင်းတော်ကြီးမိုင်းနောင်ကျေးရွာအတွင်းရှိစစ်တပ်ထုတ်ကုန်ဘီယာများကို PDF တွေဖျက်ဆီး 

အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာအတွင်း စျေးဆိုင်တွေမှာ ရောင်းချနေတဲ့ စစ်တပ်ထုတ်ကုန်တံဆိပ်ပါ ဘီယာဖာ ၃၀ ကျော်ကို ဒီဇင်ဘာလ ၆ ရက်နေ့ညမှာ   အင်းတော်ကြီး PDF အဖွဲ့က ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

ဖာ ၃၀ လောက်ပစ်ချပြီးတော့မှ ကားကြိတ်သွားတယ်။ ကြိတ်ခွဲသွားတယ်ပေါ့ကွာ၊ ဆိုင်ကိုလည်း နောက်ကိုလည်း မရောင်းနဲ့ပေါ့အဲ့လို၊ စကစကထုတ်တဲ့ဟာတွေပေါ့လေ”  လို့ ဖြစ်စဉ်ကို သိတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

အင်းတော်ကြီး PDF အဖွဲ့က ဒီဇင်ဘာလ ၄ ရက်နေ့မှာ  အင်းတော်ကြီးဒေသတစ်ခုလုံး စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ အရက် ဘီယာ တွေကို ရောင်းချခြင်းမပြုဖို့ သတိပေးထားပြီး တစ်ရက်အကြာ အခုလိုဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ 

စစ်တပ်က ထုတ်တဲ့ဘီယာတွေရဲ့ ဖျက်ဆီးမှုတွေကို အင်းတော်ကြီး PDF အဖွဲ့တွေက အတည်ပြုထုတ်ပြန်ထားပါတယ်။ 

အင်းတော်ကြီးဒေသမှာ စစ်တပ်ထုတ်ကုန်တွေကိုဖျက်ဆီးတာဟာ အခုဖြစ်ရပ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း ဒေသခံတွေဆီကနေသိရပါတယ်။ 

စစ်တပ်ထုတ်ကုန်ဖြစ်တဲ့ မြန်မာဘီယာ၊ ဒဂုန်ဘီယာ၊ အက်တမင်ကိုး ဘီယာတွေအပြင် တခြားသော ထုတ်ကုန်အမျိုးအစားတွေကိုလည်း မသုံးစွဲကြဖို့ အာဏာသိမ်းပြီးမှုနောက်ပိုင်း ဆော်ဩနေကြတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *