အင်းတော်ကြီးဒေသက ရွှေမဉ္ဇူရေလည်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ဒီနှစ်မှာလည်း ထပ်မံရပ်နားလိုက်ကြောင်းသိရပါတယ်။
ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အင်းတောာ်ကြီးဒေသမှာ ရှိတဲ့ ဆရာတော်များ ၊ ဂေါပကအဖွဲ့များ နဲ့ မြို့နယ် နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
Covid19 ကပ်ရောဂါအခြေအနေများ နှင့် စည်းမျဉ်းစည်းကမ်းတွေအရ မကျင်းပနိုင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
မနစ်ကလည်း Covid19 ကြောင့် တစ်နှစ်ရပ်နားခဲ့ရတာပါ။
ဒီနှစ် ၁၅၃ ကြိမ်မြောက် ရွှေမဉ္ဇူရေလည်ဘုရားပွဲတော် မကျင်းပဖြစ်ပေမယ့်လည်း တပေါင်းလဆန်း (၈)ရက်နေ့မှာ တော့ ဆွမ်းတော်ကြီးကပ်လှူမှုကို ပြုလုပ်သွားကြမှာဖြစ်တဲ့အကြောင်း တက်ရောက်သူတွေဆီကနေ သိရပါတယ်။
အင်းတော်ကြီးဒေသ ရွှေမဉ္ဇူရေလည်ဘုရားပွဲကို နှစ်စဉ်နှစ်တိုင်း တပေါင်းလဆန်း (၈) ရက်နေ့ကနေ လပြည့်နေ့အထိကျင်းပပြီး ဒေသခံတွေနဲ့ မြန်မာပြည်အနှံ့က လာရောက်ကြတာလည်းဖြစ်ပါတယ်။