အင်းတော်ကြီးအင်းမြှီးဒေသတွင် လျှပ်စစ်မီးတစ်လကြာသည်အထိ ပြတ်တောက်နေဆဲ

ဇန်နဝါရီ ၂၄ ၊ အင်းတော်ကြီး

အင်းတော်ကြီး အင်းမြှီးဒေသရှိ ကျေးရွာတွေမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေက တစ်လနီးပါးကြာမြင့်လာပြီဖြစ်တယ်လို့ ဒေသခံတွေက ရှမ်းနီအသံကိုပြောပါတယ်။

“ ဘာလည်းသေချာလည်းမပြောဘူးမသိဘူး။ ဘာကျွမ်းသွားတယ်ဆိုသလိုလို ပစ္စည်းက ရှားသလိုလိုဘာလိုလိုနဲ့ ။အဲ့လောက်ကြီးရှားစရာအကြောင်းမရှိဘူးထင်တယ်။ အင်းမြှီးမှာပဲပျက်နေတာ၊ ကျန်တဲ့ဆီမှာတွေက ရတယ်” တယ်လို့ အင်းမြှီးဒေသ ရပ်မိရပ်ဖ တစ်ဦးကပြောပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့မှစတင်ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့အထိ လျှပ်စစ်မီးရရှိခြင်းမရှိသေးကြောင်း ဆိုပါတယ်။

လျှပ်စစ်မီးပြတ်တောက်နေမှုကြောင့် ဒေသခံများက ဖယောင်းတိုင်မီး နဲ့ ဆိုလာဘက်ထရီမီးတွေကိုသာ အလင်းရောင်အတွက် အသုံးပြုနေရတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

“ တချို့အသံထွက်တာကတော့ အင်းမြှီးဘက်က မီတာကြေးမဆောင်တဲ့သူ ဟိုးနိုင်ငံရေးစဖြစ်ကတည်းက ၂၀၂၁ ခုနှစ်ကတည်းက မီတာကြေးမဆောင်တဲ့အိမ်ကများနေတာ။ အဲ့မှာမီတာကြေးရမှာက သိန်း ၈၀၀ ကျော်တဲ့ အဲ့တာကိုကျေမှပဲ ပေးမယ်လို့အဲ့လိုပြေတယ်။” လို့ ဒေသခံ လူငယ်တစ်ဦးက ပြောပြပါတယ်။

အင်းမြှီးဒေသရှိ အိုင်လေးတူ ၊ လောဆွန့် ၊ မှန်ကင်း ၊ ချောင်းဝ၊ မပြင် ၊ ပန်းလား ၊ လွဲပေါ စတဲ့ကျေးရွာတွေမှ မီတာကြေး ကြွေးကျန်များရှိနေခြင်းကြောင့် လျှပ်စစ်ဌာနက ဖျက်တောက်နေရခြင်းဖြစ်တယ်လို့လည်း ပြောဆိုမှုတွေရှိနေပါတယ်။

အင်းမြှီးဒေသမှာလည်း လျှပ်စစ်ဌာနက မီတာကြေးကောက်ခံရမှာလည်း စနစ်တကျမရှိသလို မီတာကြေးပေးဆောင်ဖို့ အတွက် မီတာစာရွက်များပင် မရရှိသည့် အိမ်များလည်းရှိကြောင်း စုံစမ်းသိရပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ပတ်သက်ပြီး လျှပ်စစ်ဌာနကို ဆက်သွယ်ကြည့်ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *