အစိုးရဝန်ထမ်းများကို  အပိုထောက်ပံ့ကြေး တစ်လလျှင်(၃)သောင်းကျပ် ထပ်မံတိုးမြှင့်ပေးမည်

အောက်တိုဘာ ၁ ၊ ရန်ကုန် 

လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းများအားလုံးကို တစ်လကို အပိုထောက်ပံ့ကြေး နောက်ထပ်သုံးသောင်းကျပ် ထပ်မံတိုးပေးမယ်လို့ မနေ့ကစက်တင်ဘာလ(၃၀)ရက်နေ့မှာ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနကထုတ်ပြန်လာပါတယ်။

၀၂၃ ခုနှစ်မှာ ပထမအကြိမ် သုံးသောင်းကျပ်၊ ၂၀၂၄ ခုနှစ်မှာ ဒုတိအကြိမ်သုံးသောင်းကျပ်နဲ့ ယခု၂၀၂၅ ခုနှစ်မှာ တတိယအကြိမ်နောက်ထပ်သုံးသောင်းကျပ်ကို ထောက်ပံ့မှာဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် တစ်လကို အပိုထောက်ပံ့ကြေး စုစုပေါင်းကျပ်(၉)သောင်း ရရှိမှာလည်းဖြစ်ပါတယ်။

ဒီထောက်ပံ့ကြေးကို ယခုလအောက်တိုဘာလမှစတင်ပြီး ယခင်ရရှိထားပြီးသားထောက်ပံ့ကြေးများနဲ့ဖြည့်စွက်ပေးဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ထောက်ပံ့ကြေးရရှိတဲ့ ဝန်ထမ်းတွေထဲမှာ စစ်တပ်ရဲ့ ကြည်း၊ရေ၊လေ ဝန်ထမ်းများလည်းပါရှိပြီး ၎င်းတို့လည်း နည်းတူ သုံးသောင်းကျပ်တိုးထားပြီး ကိုးသောင်းကျပ်ရရှိမှာပါ။

၂၀၂၄ ခုနှစ်မှ ထောက်ပံ့ကြေး(၃)သောင်း စတင်ရရှိခဲ့တဲ့အငြိမ်းစားဝန်ထမ်းများလည်း ဒီနှစ်မှာ သုံးသောင်းကျပ်ပြန်လည်တိုးမြှင့်လိုက်ကာ စုစုပေါင်း(၆)သောင်းကျပ်ရရှိသွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

အစိုးရဌာနနဲ့ အဖွဲ့အစည်းတွေမှာ အလုပ်ချိန် (၈)နာရီထိလုပ်ဆောင်ရတဲ့ နေ့စားဝန်ထမ်းအလုပ်သမားကိုလည်း တစ်ရက်လုပ်ခလစာ အပိုထောက်ပံ့ကြေး(၁၀၀၀)ကျပ် တိုးပေးခဲ့ပြီး တစ်ရက်လျှင် ကျပ်(၇၈၀၀)ရရှိမှာလည်း ဖြစ်ပါတယ်။

ဒီထဲမှာ နိုင်ငံခြားကို ပညာသင်ခွင့်သွားရောက်စေလွှတ်ခံနေရတဲ့ ဝန်ထမ်းများ၊  ပြည်တွင်းက အလုပ်ချိန်(၈)နာရီမပြည့်တဲ့ အချိန်ပိုင်းဝန်ထမ်းများနဲ့ နိုင်ငံခြားရောက်ရှိနေတဲ့ အငြိမ်းစားဝန်ထမ်းများကတော့ ထောက်ပံ့ကြေးမရရှိပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *