အစ္စရေးက အီရန်ရဲ့ နျူကလီးယား နဲ့ စစ်ဘက်ဆိုင်ရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်

စစ်ဦးစီးချုပ်အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေကျဆုံး 

——————————————————

ဇွန် ၁၃ ၊ အယ်ဂျားဇီးယား 

အစ္စရေးစစ်တပ်ဟာ အီရန်နိုင်ငံတဝှမ်းမှာရှိတဲ့ နျူကလီးယားစက်ရုံတွေနဲ့ စစ်ဘက်ဆိုင်ရာနေရာများ၊ စစ်ဘပ်အကြီးအကဲနဲ့ နျူကလီးယားပညာရှင်တွေ ကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးနောက်  တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဒီနေ့ သောကြာနေ့ မနက်အစောပိုင်းမှာ တင်ထားခဲ့တဲ့ ကြိုတင်ရိုက်ကူးထားသော ဗီဒီယိုမက်ဆေ့ချ်တစ်ခုမှာတော့ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု က ဒီတိုက်ခိုက်မှုဟာ အီရန်ရဲ့ နျူကလီးယားအခြေခံအဆောက်အအုံနဲ့ ပဲ့ထိန်းဒုံးကျည်စက်ရုံတွေကို ထိခိုက်နစ်နာစေဖို့ ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်ုပ်တို့အပေါ် ပျက်သုန်းမယ့်အန္တရာယ်ကို ကာကွယ်ဖို့ ဒီစစ်ဆင်ရေးက လိုအပ်သလောက် အချိန်ယူရပါလိမ့်မယ်” ဟု နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။ 

“Rising Lion” ဟု အမည်ပေးထားတဲ့  စစ်ဆင်ရေးတွင် အီရန်နျူကလီးယား အစီအစဉ်ကို ဆန့်ကျင်တဲ့ လေကြောင်းမှ စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က The Times of Israel သတင်းစာအား အတည်ပြုခဲ့ပါတယ်။ 

အစ္စရေးစစ်ဦးစီးချုပ် Eyal Zamir က   အီရန်၏နျူကလီးယားအစီအစဉ်သည်  ပြန်မရနိုင်သောအဆင့်သို့ရောက်ရှိသွားပြီဖြစ်ကြောင်းပြောဆိုထားပါတယ်။ 

နောက်ပိုင်းထုတ်ပြန်ချက်တစ်ခုတွင် အစ္စရေးစစ်တပ်က တိုက်လေယာဉ် အစင်း ၂၀၀ ဟာ နိုင်ငံတစ်ဝှမ်းရှိ ပစ်မှတ် ၁၀၀ ကျော်ကို တိုက်ခိုက်ခဲ့ကြောင်းဆိုပါတယ်။ 

မြို့တော် တီဟီရန်၊ အီရန်၏ အဓိက ယူရေနီယံ သန့်စင်သည့် နေရာ Natanz နစ္စတန်  နှင့် Tabriz  တာပရစ် ရှိ နျူကလီးယား သုတေသန စင်တာတို့ အပါအဝင် အီရန်နိုင်ငံ တစ်ဝှမ်းရှိ အနည်းဆုံး နေရာ (၈)ခုတွင် အစ္စရေး၏ တိုက်ခိုက်မှုကို အတည်ပြုခဲ့ပါတယ်။

အီရန်နိုင်ငံပိုင်မီဒီယာက ဒီတိုက်ခိုက်မှုဟာ အသေအပျောက်များစွာရှိကြောင်း ဖော်ပြခဲ့ပြီး သေဆုံးသူများတွင် အရပ်သားများနှင့် အကြီးတန်း အီရန်အရာရှိများ ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ 

သေဆုံးသူတွေထဲ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်၏ စစ်ဦးစီးချုပ် ဟူစိန်ဆာလာမီ ၊ အီရန်စစ်တပ်၏ စစ်ဦးစီးချုပ် မိုဟာမတ် ဘတ်ဟီရီ  နှင့် နျူကလီးယားသိပ္ပံပညာရှင် မိုဟာမက် မဒီတာရန်ချီ နှင့်  နျူကလီးယားသိပ္ပံပညာရှင်နဲ့ အီရန်အဏုမြူအဖွဲ့ အကြီးအကဲဟောင်း ဖယ်ရီဒွန်း အဘာဆီ  ပါဝင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *