အပစ်ခတ်ရပ်စဲထားသည့်အဖွဲ့များ PPST က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် စစ်ကောင်စီကို အကြမ်းဖက်အဖြစ် စွပ်စွဲနေမှုသည့် သဘောသက်ရောက်နေသည်ဟု စစ်ကောင်စီဘက်က နိုဝင်ဘာလ (၉) ရက်နေ့ ရက်စွဲဖြင့် ကန့်ကွက်စာပေးပို့ခဲ့ကြောင်း သိရသည်။
အပစ်ခတ်ရပ်စဲထားသည့် အဖွဲ့များ၏ ထုတ်ပြန်ချက်သည် NCA စာချုပ်ပါအချက်များကိုပါ ဖောက်ဖျက်ကျူးလွန်နေကြောင်း ပြောဆိုထားသည်။
ထို့ပြင် ထိုထုတ်ပြန်ကြေညာချက်ထဲမှာ အပိုဒ် (၆) ကို NCA နှင့်အညီ ပြန်လည်ပြင်ဆင်ပေးရန်လည်း အကြောင်းကြားကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်က လက်မှတ်ရေးထိုး ပေးပို့ခဲ့ကြောင်းသိရသည်။
PPST ၏ အပိုဒ်(၆) တွင် ချင်းပြည်နယ် ထန်တလန် မီးလောင်သည့် ကိစ္စ ၊မကွေးတိုင်း၊စစ်ကိုင်းတိုင်း နှင့် ကရင်နီဒေသများတွင် စစ်ကောင်စီက ပြည်သူလူထု၏ အိုးအိမ်များ ၊ ဘာသာရေးအဆောက်အအုံများ ကို ပစ်မှတ်ထားတိုက်ခိုက်နေမှုကို ကန့်ကွက်ရှုပ်ချကြောင်းနှင့် ကျူးလွန်သူများကို ပြင်းထန်စွာအရေးယူပေးရန် တောင်းဆိုကြောင်း ထုတ်ပြန်ထားသည်။