
နိုဝင်ဘာ ၁၉ ၊ မြဝတီ
အမေရိကန်က ပြီးခဲ့တဲ့ ရက်သတ္တပတ်ကဖွဲ့စည်းလိုက်တဲ့ ကျားဖြန့်နိမ်နင်းရေးအထူးအဖွဲ့ဟာ Hidden Angenda နက်နဲတဲ့လျှို့ဝှက်မှုတွေပါဝင်တယ်လို့ စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုပါတယ်။
“ သုံးသပ်ကြည့်ရင် ဒီနိုင်ငံ(ကန်) နဲ့ ခုနကပြောတဲ့ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားတိုက်ဖျက်ရေးဆုိတာထက် Hidden Angenda နက်နဲတဲ့လျှို့ဝှက်ရည်ရွဘ်ချက်တစ်ခုရှိနေနိုင်တယ်လို့ ကျွန်တော်တို့သုံးသပ်ရရှပါတယ်။”လို့ သူကပြောပါတယ်။
အမေရိကန်ဟာ Strike Force Burma အဖွဲ့ဖွဲ့ပြီး ကျားဖြန့်စင်တာ နှစ်ခုကို စတင်စစ်ဆေးမှုတွေပြလုပ်ခဲ့တယ်လို့ထုတ်ပြန်ထားပြီး ဒီစင်တာတွေကို တိုက်ဖျက်ဖို့ ထိုင်းရဲတပ်ဖွဲ့အနဲ့ ဘန်ကောက်က FBI အေးဂျင့်တွေကို စေလွှတ်ခဲ့တယ်လို့ဆိုထားပါတယ်။
အရှေ့တောင်အာရှရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း(ကျားဖြန့်) စင်တာတွေကို နိမ်နင်းဖို့ အဖွဲ့တစ်ခုကို နိုဝင်ဘာလ ၁၂ ရက်နေ့မှာ အမေရိကန်က ဖွဲ့စည်းလိုက်ပါတယ်။
အဲ့ဒီထဲမှာ တရားရေးဌာန၊ လျှို့ဝှက်ထောက်လှမ်းရေး ၊ နိုင်ငံခြားရေးဌာနနှင့် FBI မှ အေးဂျင့်များနှင့် ရှေ့နေများ ပါဝင်မယ်လို့ ဆိုပါတယ်။
မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ကို အဓိကထားပြီး အရှေ့တောင်အာရှမှာ အဆိုးရွားဆုံး လိမ်လည်မှုဌာနတွေနဲ့ သူတို့ရဲ့ ခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေးတာနဲ့ ပိတ်စို့အရေးယူတာနဲ့ တရားစွဲဆိုတာတွေလုပ်မယ်လို့ သိရပါတယ်။
မြန်မာ၊ တရုတ်၊ ထိုင်း ၊လာအို၊ကမ္ဘောဒီးယား ၊ဗီယက်နမ် တို့ကလည်း နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ကူမင်းမြို့မှာ တွေ့ဆုံပြီး ကျားဖြန့်နှိမ်နင်းရေးအစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေးအတွက် အရှေ့မြောက်ပိုင်းဒေသမှာ တရုတ်-မြန်မာ Task Force နဲ့ လုပ်ဆောင်ခဲ့သလို ၊ မြဝတီနယ်စပ်ဒေသတလျှောက်မှာလည်း မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။
