
မတ် ၂၆ ၊ Aljazeera News
အမေရိကန်နဲ့ ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း တီဟီရန်က ငြင်းဆိုပြီးနောက် အီရန်စစ်ပွဲတင်းမာမှု လျော့ကျဖို့ မျှော်လင့်ချက်တွေ မှေးမှိန်လာချိန်မှာ ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေကို တီဟီရန်က ပယ်ချပြီးနောက် နိုင်ငံတကာစံနှုန်းဖြစ်သော Brent ရေနံစိမ်းရဲ့အနာဂတ်ဈေးနှုန်းတွေဟာ ကြာသပတေးနေ့မှာ၂ ရာခိုင်နှုန်းနီးပါး မြင့်တက်လာပြီး တစ်စည်ကို ဒေါ်လာ ၁၀၄ အထိ ရောက်ရှိခဲ့ပါတယ်။
အီရန်နဲ့ စစ်ပွဲအဆုံးသတ်ရန် အချက် ၁၅ ချက်ပါ အစီအစဉ်တစ်ခုကို ထရမ့်က မျှဝေခဲ့တဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက် ဗုဒ္ဓဟူးနေ့က ရေနံစျေးနှုန်းတွေကျင်ဆင်းခဲ့ပြီး အခုလိုပြန်လည်မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ဗုဒ္ဓဟူးနေ့မှာ ထုတ်လွှင့်ခဲ့တဲ့ နိုင်ငံပိုင်မီဒီယာနဲ့ အင်တာဗျူးတစ်ခုတွင် တီဟီရန်ဟာ ဝါရှင်တန်နဲ့တိုက်ရိုက်ဆွေးနွေးမှုတွင် မပါဝင်ကြောင်းနဲ့“ယခုအချိန်အထိ ညှိနှိုင်းရန် ရည်ရွယ်ချက်မရှိ” ဟု ပြောကြားခဲ့ပါတယ်။
အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအတွင်းရေးမှူး Karoline Leavitt က တီဟီရန်ဟာ စစ်ရေးအရ ရှုံးနိမ့်မှုကို လက်မခံပါက အီရန်ဟာ ယခင်ကထက် “ပိုမိုပြင်းထန်စွာ ထိခိုက်” ခံရလိမ့်မယ်လို့ ဗုဒ္ဓဟူးနေ့မှာ သတိပေးခဲ့ပါတယ်။
အီရန်က ကမ္ဘာလုံးဆိုင်ရာ ရေနံထောက်ပံ့မှုရဲ့ငါးပုံတစ်ပုံအတွက် လမ်းကြောင်းတစ်ခုဖြစ်တဲ့ Hormuz ရေလက်ကြားကို ထိရောက်စွာပိတ်သိမ်းခြင်းနဲ့အရှေ့အလယ်ပိုင်းတစ်ဝှမ်းရှိ စွမ်းအင်စက်ရုံများကို တိုက်ခိုက်မှုများကြောင့် ကမ္ဘာတစ်ဝှမ်းရှိ စွမ်းအင်ဈေးနှုန်းများ မြင့်တက်စေခဲ့ပါတယ်။
