
ဇန်နဝါရီ ၃၀ ၊ စစ်ကိုင်း
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက မြို့နယ် (၆၃) မြို့နယ်ကို အရေးပေါ်အခြေအနေတစ်ရပ်ကြေညာ ထားတာတွေကို ဆက်လက်ပြီးတော့ တည်ရှိသွားမှာဖြစ်ကြောင်း မနေ့ညဇန်နဝါရီ(၂၉)မှာ ကြေညာပါတယ်။
ကချင်ပြည်နယ်က (၅) မြို့နယ်၊ စစ်ကိုင်းတိုင်းက (၉ )မြို့နယ်၊ ရှမ်းပြည်နယ်က (၁၅) မြို့နယ်၊ ရခိုင်ပြည်နယ် (၁၄) မြို့နယ်၊ ချင်းပြည်နယ် (၇) မြို့နယ်၊ ကရင်နီ(ကယား)ပြည်နယ်က (၃) မြို့နယ်၊ မန္တလေးတိုင်းက (၃) မြို့နယ် ကရင်ပြည်နယ်က (၂ )မြို့နယ်နဲ့မကွေးတိုင်းက (၅) မြို့နယ် စုစုပေါင်း (၆၃) မြို့နယ်ကို အရေးပေါ်အခြေအနေတစ်ရပ်အရ စစ်အုပ်ချုပ်ရေး ကြေညာထားတာပါ။
အရေးပေါ်အခြေအနေဟာ ဆက်လက်တည်ရှိမှာဖြစ်ပြီးတော့ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်သွားမယ်လို့ဆိုတာဖြစ်ပါတယ်။
ကချင်ပြည်နယ််က အရေးပေါ်အခြေအနေကြေညာတဲ့ မြို့နယ် (၅) ခုထဲက ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေ မြို့တို့ကို KIA က သိမ်းပိုက်ထိန်းချုပ်ထားပြီး ရှမ်းပြည်နယ်က မြို့နယ် (၁၅) မြို့နယ်ကိုတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အသီးသီးက သိမ်းပိုက်ထားတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ပင်လည်ဘူးနဲ့ အင်းတော်မြို့နယ်ဟာလည်း NUG အမှတ် (၁ )စစ်ဒေသ ၊ KIA + PDF ပူးပေါင်းတပ်တွေက (၂၀၂၄ )ခုနှစ် နဲ့ (၂၀၂၅) ခုနှစ်အတွင်းမှာ သိမ်းပိုက်ထားတာဖြစ်ပါတယ်။
ခင်ဦး၊ဝက်လက်၊ ဒီပဲယင်း ၊ ကနီ၊ ပုလဲ၊ ကောလင်း ၊ ထီးချိုင့်မြို့နယ်တွေမှာလည်း မြို့ပေါ်ရပ်ကွက်တချို့သာ စစ်ကောင်စီတပ်တွေထိန်းချုပ်ထားပြီး ကျေးလက်ဒေသအားလုံးကိုတော့ PDF တပ်ဖွဲ့တွေက ထိန်းချုပ်စိုးမိုးထားပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက က မြို့နယ် (၆၃) မြို့နယ်ကို အရေးပေါ်အခြေအနေတစ်ရပ်ကြေညာလိုက်ပြီး ထိုမြို့နယ််အားလုံးဟာ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားတာဖြစ်တယ်လို့သိရပါတယ်။
(၂၀၂၁)ခုနှစ် ကနေ (၂၀၂၅) ခုနှစ် ဇူလိုင်လအထိ တိုင်းနဲ့ပြည်နယ် (၁၀) ခုမှာ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာထားတဲ့မြို့နယ်( ၅၇) မြို့နယ်ရှိခဲ့ပြီး ကာလုံက အာဏာပြန်ယူပြီးနောက် တိုင်းနဲ့ပြည်နယ် (၉)ခုမှာ စစ်အုပ်ချုပ်ရေးမြို့နယ် (၆၃) မြို့နယ်အထိရှိလာခဲ့တာလည်းဖြစ်ပါတယ်။
