အရှေ့အလယ်ပိုင်းက ပါကစ္စတန်နဲ့ အာဖရိဂန်နစ္စတန် နှစ်နိုင်ငံ တိုက်ပွဲစတင်ကြောင်းကြေညာ

ဖေဖော်ဝါရီ (၂၇) ၊ ရိုက်တာ 

ပါကစ္စတန်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံရဲ့ အဓိကမြို့ကြီးတွေမှာရှိတဲ့ တာလီဘန်အစိုးရပစ်မှတ်တွေကို  မနေ့က ညတွင်းချင်း ဗုံးကြဲတိုက်ခိုက်ပြီးနောက်  ပါကစ္စတန်က စစ်ကြေညာလိုက်ပါတယ်။ 

ပါကစ္စတန်ရှိ  လုံခြုံရေးသတင်းအရင်းအမြစ်တွေရဲ့ပြောဆိုမှုအရ  တိုက်ခိုက်မှုတွေဟာ ကဘူးလ်၊ ကန်ဒါဟာ၊ ပက်တီးယားရှိ တာလီဘန်စစ်ရုံးများ၊စခန်းများကို  ဒုံးကျည်တွေနဲ့တိုက်ခိုက်မှုတွေအပြင်   နယ်စပ်တလျှောက်မှာလည်း မြေပြင်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ 

တာလီဘန်များက ပါကစ္စတန်စစ်စခန်းတွေကို  လက်စားချေတိုက်ခိုက်မှုတွေပြန်လည်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ကျွန်ုပ်တို့ရဲ့ စိတ်ရှည်သည်းခံမှုခွက်ဟာ လျှံကျနေပါပြီ။ ယခုအခါ ကျွန်ုပ်တို့နှင့် သင် (အာဖဂန်နစ္စတန်) အကြား ပွင့်လင်းသောစစ်ပွဲတစ်ခုဖြစ်နေပါပြီ” ဟု ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မူဟာမက် အာဆစ်ဖ်က သောကြာနေ့မှာ ပြောဆိုပါတယ်။ 

အာဖဂန်နစ္စတန်ဟာ  နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများပြုလုပ်နေတဲ့ စစ်သွေးကြွများကို လက်ခံထားတယ်ဆိုတဲ့ ပါကစ္စတန်ရဲ့ စွပ်စွဲချက်နဲ့ပတ်သက်တဲ့ ရှည်လျားသောအငြင်းပွားမှုကြောင့် ကဘူးလ်နှင့် အစ္စလာမာဘတ်အကြား ဆက်ဆံရေးဟာ တင်းမာနေခဲ့တာပါ။ 

တာလီဘန်များက ဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး ပါကစ္စတန်ရဲ့လုံခြုံရေးဟာ ပြည်တွင်းရေးပြဿနာတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

တာလီဘန်အစိုးရတပ်စခန်းများအပေါ် တိုက်ခိုက်မှုတွေဟာ  အဓိကတင်းမာမှုတစ်ခုဖြစ်ပြီး (၁,၆၁၅ )မိုင် ရှည်လျားတဲ့ နယ်စပ်တစ်လျှောက်တွင် ကြာရှည်သောပဋိပက္ခတစ်ခုဖြစ်လာနိုင်ကြောင်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က ဆိုပါတယ်။ 

ပါကစ္စတန်တပ်ဖွဲ့တွေက  ကဘူးလ်၊ ကန်ဒါဟာနဲ့ ပက်တီးယားဒေသအချို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို မပြောပါဘူး။  

ကန်ဒါဟာဟာ တာလီဘန်တွေရဲ့ ဌာနချုပ်ဖြစ်ပြီး အမြင့်ဆုံး ခေါင်းဆောင် နေထိုင်တဲ့နေရာနဲ့အခြေစိုက်ရာမြို့လည်းဖြစ်ပါတယ်။

(၂၀၂၅ )ခုနှစ် အောက်တိုဘာလမှာလည်း နိုင်ငံနှစ်ခုကြား အပစ်အခတ်ရပ်စဲရေး သဘောတူထားခဲ့ကြပေမယ့် အခုရက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *