
မိုးညှင်းမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းကနေစတင်ပြီး အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်ခဲ့ပါတယ်။
သောင်းနှင့်ချီသည့် မိုးညှင်းမြို့ရှိ ပြည်သူလူထုများက
စစ်အာဏာရှင် ပျက်သုဉ်းရေး ၊ ၂ဝ၂ဝ ရွေးကောက်ပွဲရလဒ်သည် ပြည်သူ့ဆန္ဒ နှင့် ဖမ်းဆီးထားခံရသည့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ စသည့် ဆောင်ပုဒ်များ ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်မှုကို မိုးညှင်းမြို့ရှိ ရွှေသာလျောင်း ကဇာတ်ရုံမှ စတင်ပြီး မြို့ပတ်ပြီးနောက် ထိုနေရာတွင် ပြန်လည်ပြီးဆုံးခဲ့သည်။
ဆန္ဒထုတ်ဖော်မှုကို မနက်ဖြန် ဖေဖော်ဝါရီလ (၉) ရက်နေ့တွင်လည်း ပြန်လည်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ (၁) ရက်နေ့ နံနက်ပိုင်းကနေစပြီး နိုင်ငံတော် အာဏာကို တပ်မတော်က ရယူပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလအဖြစ် တစ်နှစ်ကြေညာထားသည်။








