အာဏာသိမ်းနှစ်နှစ်အတွင်းမူးယစ်ဆေးဝါးအမေရိကန်ဒေါ်လာသန်းကိုးရာကျော်ဖမ်းဆီးရမိခဲ့ 

ဖေဖော်ဝါရီ၂၇နေပြည်တော် 

စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်းမှာ နိုင်ငံတဝန်း မူးယစ်ဆေးဝါးအမျိုးမျိုး  အမေရိကန်ဒေါ်လာ သန်းကိုးရာကျော်အထိ ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာက ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာဖော်ပြထားပါတယ်။ 

၂၀၂၂ခုနှစ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတန်ဖိုးဟာ ၂၀၂၁ ခုနှစ်မှာဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတန်ဖိုးထက် အမေရိကန်ဒေါ်လာ ၂၇သန်းကျော် ပိုမိုဖမ်းဆီးရမိကြောင်း ဆိုထားပါတယ်။ 

၂ဝ၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မှာ ဘိန်းနှင့်ဘိန်းဖြူ  ၄၅၉၀ ကီလိုကျော်၊  စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂ သန်းကျော်၊ အိုက်စ် ၂၃၆၅၃ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး နဲ့ ဓာတုပစ္စည်း ၇၉ မျိုး စုစုပေါင်းတန်ဖိုးငွေကျပ် ဘီလီယံ ၁၁၀၀ ကျော် ဖိုးကို ဖမ်းမိပြီး ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုတွေရဲ့ ရာနှုန်းပြည့်နီးပါးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ ဆက်စပ်နေတယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းတွင် ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်းတိုးလာတယ်လို့ ကုသမဂ္ဂက အစီရင်ခံစာတစ်ရပ်ကဆိုပါယ်။ 

မြန်မာနိုင်ငံတွင် ဘိန်းဖြူစိုက်ပျိုးမှုတန်ဖိုးဟာလည်း  အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိရှိပြီး ဒေသတွင်း ဘိန်းဖြူကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့်ရှိတယ်လို့ UNODC  က ပြောဆိုထားပါတယ်။ 

ဒါ့အပြင် မူးယစ်ဆေးဝါး  ရောင်းဝယ်ဖောက်ကားမှုနဲ့ သုံးဆွဲမှုတွေဟာ လူငယ်တွေအများဆုံးဖြစ်နေပြီး  ဖမ်းဆီးအရေးယူမှုတွေက ထိရောက်မှုမရှိကြောင်း ဒေသခံတွေကဆိုကြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *