ဩဂုတ် ၂ ၊ အိန္ဒိယ
အိန္ဒိယနိုင်ငံတောင်ပိုင်း ကာလလာ ပြည်နယ်မှ လူငယ်တစ်ဦး မျောက်ကျောက်ရောဂါနဲ့ သေဆုံးခဲ့ပြီး ဒီသေဆုံးမှုကအာရှရဲ့ ပထမဆုံးသေဆုံးမှုလည်းဖြစ်လာပါတယ်။
ဩဂုတ်လ (၁) တနင်္လာနေ့အစီရင်ခံတင်ပြမှုတွေအရ သူသေဆုံးမှုက အာရှမှာ ပထမဆုံးလည်းဖြစ်ပါတယ်။
အသက် 22 နှစ်အရွယ် အိန္ဒိယအမျိုးသားက စနေနေ့မှာ သေဆုံးသွားခဲ့ကြောင်း Kerala ရဲ့ဘဏ္ဍာရေးဝန်ကြီးက သတင်းထောက်တွေကို ပြောကြားခဲ့ပြီး အစိုးရက သူနဲ့ ဆက်နွယ်သူ ၂၁ ဦးကို သီးခြားခွဲထားတယ်လို့ ပြောကြားခဲ့ပါတယ်။
“သူက ဇူလိုင် ၂၁ ရက်မှာ Kerala သို့ရောက်ရှိခဲ့ပေမယ့် ပင်ပန်းနွမ်းနယ်ပြီး အဖျားရှိတဲ့အချိန် ဇူလိုင် ၂၆ ရက်နေ ဆေးရုံသို့သွားရောက်ခဲ့သည်” ဟု ၀န်ကြီး K Rajan ကပြောကြားခဲ့ပြီး သူနဲ့ ထိတွေ့သူတွေမှာလည်း ဘာမှရောဂါလက္ခဏာများမပြသောကြောင့်ထိတ်လန့်စရာအကြောင်းမရှိကြောင်းထပ်လောင်းပြောကြားခဲ့ပါတယ်။
အိ န္ဒိယနိုင်ငံမှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှု အနည်းဆုံး ငါးဦးရှိနေပြီလို့ ဒေသဆိုင်ရာမီဒီယာများက ဖော်ပြပေမယ့် နိုင်ငံအတွင်း မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို စောင့်ကြည့်ဖို့ အစိုးရမှ အကြီးတန်းအရာရှိများအဖွဲ့ကိုဖွဲ့စည်းထားကြောင်းပြောကြားရုံမှလွဲပြီး သေဆုံးမှုနှင့် ပတ်သက်၍ ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနက မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။
နိုင်ငံပေါင်း ၇၈ နိုင်ငံမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုပေါင်း ၁၈၀၀၀ ကျော်ရှိကြောင်း WHO က ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ ပြောကြားခဲ့ပြီး အများစုက ဥရောပမှာ ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကို မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဇူလိုင် ၂၃ ရက်တွင် ကြေညာခဲ့ပါတယ်။
Ref; Aljazeera News