အိန္ဒိယကမြန်မာဒုက္ခသည်၂၈ဦးကိုအင်ဖာမြို့ဗဟိုအကျဉ်းထောင်ကိုပြောင်းရွေ့

ဖေဖော်ဝါရီ ၂၇ ၊ တမူး 

အိန္ဒိယ-မြန်မာနယ်စပ်ဖြစ်တဲ့   မဏိပူရပြည်နယ် ချူရာချန်ပူခရိုင်ရှိ ယာယီထိန်းသိမ်းရေးစခန်းမှာ  ထိန်းသိမ်းထားတဲ့ အရွယ်မရောက်သေးသူ ခြောက်ဦးအပါအဝင် မြန်မာနိုင်ငံသား ၂၈ ဦးကို သောကြာနေ့က အင်ဖာမြို့ရှိ ဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း  အိန္ဒိယ သတင်းတစ်ရပ်ဖြစ်တဲ့ EastMoJo က သတင်းရေးသားထားပါတယ်။

မြန်မာနိုင်ငံသားများကို အင်ဖာမြို့သို့ လွှဲပြောင်းပေးခဲ့ပြီး အင်ဖာမြို့ရှိ Sajiwa အကျဉ်းထောင် ထိန်းသိမ်းရေးစခန်းတွင် ထားရှိမှာဖြစ်ကြောင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောဆိုတယ်လို့ ရေးသားထားပါတယ်။ 

ရှမ်းနီအသံကကို ဆက်သွယ်ပြောဆိုခဲ့တဲ့ ကူညီပေးသူတစ်ဦးရဲ့ အဆိုအရ  မုံရွာမြို့ကနေ အိန္ဒိယနိုင်ငံနယ်စပ်မှာ အလုပ်လုပ်ကိုင် နေတဲ့ ယက်ကန်းလုပ်ကိုင်သူ မိသားစု ၁၀၀ ဦးခန့်ဟာ အိန္ဒိယရဲတွေရဲ့ ဖမ်းဆီးခြင်းခံရပြီး မြန်မာနိုင်ငံဘက်ကမှ အထောက်အထားတွေနဲ့ ပြန်လာခေါ်ရင် အိန္ဒိယနိုင်ငံက လွတ်ပေးနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

“ မုံရွာကနေ အိန္ဒိယကို အလုပ်လာလုပ်တဲ့  ယက်ကန်းသမား မိသားစုများ ကလေးလူကြီး အယောက် ၁၀၀ လောက်လဲ အလားတူ အိနိယ ထောင်ထဲမှာ ပိတ်မိနေပါတယ်။ နိုင်ငံသား ဖြစ်ကြောင်း၊ တမူး မိုးရေး နယ်စပ်ကနေ လွှဲပြောင်းပေးလို့ရကြောင်း ထောက်ခံစာ ရေးပေးဖို့  မုံရွာ ရဲစခန်းနဲ့ လဝက ကို ဆက်သွယ်ပေးနိုင်ရင် ဆက်သွယ်ပေးကြစေချင်ပါတယ်” လို့ သူကဆိုပါတယ်။ 

အိန္ဒိယ သတင်းရဲ့ ဖော်ပြမှုအရလည်း ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာ နိုင်ငံသား အများစုမှာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေအတွက်  ရက်ကန်းလုပ်ငန်း လုပ်ကိုင်ကြသလို  သူတို့ရဲ့ ကလေးတွေဟာလည်း ချူရာချန်ပူမှာ ပညာသင်ကြားနေတယ်လို့ ဆိုပါတယ်။ 

အာဏာသိမ်းမှုနောက်ပိုင်းမှာ မဏိပူပြည်နယ်ထဲကို ထွက်ပြေးခိုလှုံကြတဲ့ မြန်မာနိုင်ငံသား ၂၁၀ ဦးကို အိန္ဒိယနိုင်ငံကတရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ ဖမ်းဆီးထားပါတယ်။ 

မဏိပူရပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ယနေ့အထိ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၃၉၃ ဦးရှိကြောင်း ဝန်ကြီးချုပ် N Biren Singh က  အောက်လွှတ်တော်တွင် ပြောကြားထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *