စက်တင်ဘာ ၁၁ ၊ အိန္ဒိယ
အိန္ဒိယ-မြန်မာနယ်စပ်ရှိ မဏိပူရ်ပြည်နယ်အတွင်းမှာ သတင်းအမှားများ နှင့် အမုန်းစကားတွေကို ဖြန့်ဝေနေမှုတွေကို ဟန့်တားနိုင်ရေးအတွက် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွေအားလုံးဖြတ်တောက်သွားမှာဖြစ်တယ်လို့ ပြည်နယ်အစိုးရက မနေ့က စက်တင်ဘာလ ၁၀ ရက်နေ့မှာ ကြေညာပါတယ်။
စက်တင်ဘာလ ၁၀ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ အင်တာနက်ကြိုးလိုင်းများ ၊ Broadbans များ ၊ VATs များအပါအဝင် အင်တာနက် နှင့် မိုဘိုင်းဒေသဝန်ဆောင်မှုတွေကို ယာယီရပ်ဆိုင်းသွားမယ်လို့ အစိုးရက အမိန့်တစ်ရပ်ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။
“ကျောင်းသားတွေ ဆန္ဒပြမှုကြောင့် တရားဥပဒေစိုးမိုးရေး ပြဿနာပါ။ Broadband အလုပ်မလုပ်တော့ဘဲ မိုဘိုင်းအင်တာနက်သည် အချိန်မရွေး ရပ်တန့်သွားနိုင်တယ်။ အခုလိုပိတ်ရတဲ့အကြောင်းအရင်းကလည်း သတင်းမှားတွေကြောင့် အကြမ်းဖက်မှုတွေ ပြန့်ပွားနိုင်ခြေရှိလို့ပါ။ မဏိပူရမှာ အခြေအနေ မကောင်းဘူး” လို့ မဏိပူရ်ပြည်နယ်အတွင်း နေထိုင်သူ တစ်ဦးက ပြောပါတယ်။
မဏိပူရ်ပြည်နယ်အစိုးရက အခုလို အင်တာနက်တွေ ပိတ်သိမ်းရမှာဟာ ငြိမ်းချမ်းရေးနှင့် လူထုသဟဇာတဖြစ်မှုကို ထိန်းသိမ်းရန်နှင့် အများပြည်သူ/ပုဂ္ဂလိက ပိုင်ဆိုင်မှုများအတွက် အသက်ဆုံးရှုံးမှု သို့မဟုတ် အန္တရာယ်ကို တားဆီးရန်အတွက် ထိန်းသိမ်းရန် လုံလောက်သော အစီအမံများ ပြုလုပ်ရန် လိုအပ်လာလို့ ဆိုပါတယ်။
မဏိပူရ်ပြည်နယ်အတွင်းမှာ လက်လုပ် ဒရုန်းများနှင့် ဒုံးပျံများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြီးခဲ့သော ၁၀ ရက်အတွင်း အနည်းဆုံး လူကိုးဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
ပြည်နယ်မြို့တော် Imphal ကို ရာနှင့်ချီသော ကသည်းတွေဟာ အင်္ဂါနေ့က အစောပိုင်းက ချမှတ်ထားသော ညမထွက်ရအမိန့်ကို ဖီဆန်ခဲ့ပြီး ကူကီးတိုက်ခိုက်ရေးသမားများကို အရေးယူရန် တောင်းဆိုခဲ့သည်။
တနင်္လာနေ့တွင် ကျောင်းသားဦးဆောင်သည့် ဆန္ဒပြပွဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကျောက်ခဲနှင့် ပလတ်စတစ်ပုလင်းများဖြင့် ပစ်ပေါက်ခဲ့ပြီးနောက် ပြင်းထန်လာခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြပါတယ်။
မဏိပူရ်ပြည်နယ်အတွင်းမှာ ကသည်း နှင့် ကူကီး တို့ကြား ဖြစ်ပွားနနေတဲ့ ၁၆ လကြာ ပဋိပက္ခကို ဖြေရှင်းရန် အစိုးရ၏ ပျက်ကွက်မှုကို စိတ်ပျက်မိကြောင်း ကျောင်းသားများကပြောဆိုနေကြပါတယ်။