ဇူလိုင် ၁၈ ၊ တမူး
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishankar က အင်ဒိုနီးရှား ဂျကာတာအာဆီယံမှ အပြန် စနေနေ့က အိန္ဒိယ – မြန်မာ – ထိုင်း အဝေးပြေးလမ်းအမြန်လမ်းစီမံကိန်းကိစ္စများ ပြန်စတင်ဖို့ စကားပြောဆိုမှုတွေရှိခဲ့တယ်လို့ အိန္ဒိယ အခြေစိုက်သတင်းတွေမှာဖော်ပြကြပါတယ်။
အဆိုပါ သုံးနိုင်ငံအဝေးပြေးလမ်းမကြီးကို ကုန်းလမ်းဆက်သွယ်ရေးအဖြစ်တည်ဆောက်မည်ဖြစ်ပြီး ကီလိုမီတာ ၁၄၀၀ ရှည်လျားကာ အရှေ့တောင်အာရှနိုင်ငံများနှင့်အိန္ဒိယနိုင်ငံတို့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့ ကုန်သွယ်မှု မြင့်တင်နိုင်မယ်ဖြစ်တယ်လို့ဆိုပါတယ်။
အဆိုပါလမ်းမကြီး တည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်တယ်လို့သိရပေမယ့် မြန်မာ့ပြည်တွင်းရေးအခြေနေများကြောင့် အိန္ဒိယ မဏိပူပြည်မှ ထိုင်း မဲဆောက်ဘက်သို့ ဆက်သွယ်မယ့် မြန်မာလမ်းပိုင်းခြေနေက နှောင့်နှေးနေရတယ်လို့လဲ ရေးသားဖော်ပြထားပါတယ်။
အဆိုပါလမ်းမကြီးက အိန္ဒိယ မဏိပူရပြည်နယ်ကနေ မြန်မာနိုင်ငံထဲက စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း နဲ့ ကရင်ပြည်နယ် မြဝတီ မှ တဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တွေကို ဖြတ်သန်းမှာဖြစ်ပါတယ်။
လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက တမူး-ကလေးဝ – မုံရွာ မြို့မှ မန္တလေးတိုင်းကို ဖြတ်သန်းတာဖြစ်ပါတယ်။
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံကို ဆက်သွယ်ဖောက်လုပ်နေတဲ့ အဝေးပြေးလမ်းမကြီး ဖောက်လုပ်မှုဟာ ၇၀ ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးနဲ့ အဝေးပြေးလမ်းမများဆိုင်ရာ ပြည်ထောင်စုဝန်ကြီး နီတင် ဂွတ်ဒ်ကာရီ ပြောဆိုထားပါတယ်။
ဒီအဝေးပြေးလမ်းမကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ အပြီးသတ်တည်ဆောက်ဖို့ အိန္ဒိယအစိုးရက စီမံကိန်း ချခဲ့ပေမယ့် နှောင့်နှေးနေခဲ့တာ ဖြစ်ပါတယ်။