ဧပြီလအတွင်းတမူးနယ်စပ်ကုန်သွယ်ရေးမှကုန်သွယ်ရေးအမေရိကန်ဒေါ်လာ၂သန်းကျော်ရှိခဲ့

တမူးနယ်စပ်ကုန်သွယ်ရေးဂိတ် Photo/ Credit

ဧပြီလအတွင်း မြန်မာ- အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဒေသဖြစ်တဲ့ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ကုန်သွယ်မှုပမာဏာ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ရှိခဲ့တယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဌာနက သိရပါတယ်။ 

ဧပြီလအတွင်း မြန်မာ-အိန္ဒိယနယ်စပ်ဒေသတွင် တမူးနယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုတည်းသာ ကုန်သွယ်မှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။

ဒီကာလအတွင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်းကနေ အိန္ဒိယကို  ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၀၂ သန်းနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ သုည ဒသမ ၂၂၈ သန်း စုစုပေါင်းကုန်သွယ်မှု ပမာဏ ၂ ဒသမ ၀၃ သန်းဆောင်ရွက်ခဲ့သဖြင့် ကုန်သွယ်မှုပိုငွေ ၁ ဒသမ ၅၇၄သန်း ရရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

တမူးနယ်စပ်ဂိတ်ကနေ မြန်မာနိုင်ငံက ထွက်တဲ့သီးနှံတွေကို အများဆုံးတင်သွင်းတာဖြစ်ပြီး အိန္ဒိယဘက်ကနေ ဝင်လာတဲ့ ကုန်အမျိုးအစားအနည်းငယ်သာရှိတယ်လို့ သိရပါတယ်။ 

မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်မှုကနေ ယွမ်ကနေ ကျပ် တိုက်ရိုက်ပေးချေမှုတွေကို ဆောင်ရွက်နေပြီး ၊ မြန်မာ -အိန္ဒိယအတွက်လည်း နယ်စပ်ကုန်သွယ်ရေး အတွက် ရှူဘီးငွေနဲ့ ကျပ် တိုက်ရိုက်ပေးချေဖို့အတွက်ဆောင်ရွက်ဖို့လည်းရှိနေပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *