
စက်တင်ဘာ ၁၂ ၊ အင်းတော်
၂၀၂၀ ရွေးကောက်ပွဲတွင် အင်းတော်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးတင်လှသည် မနေ့က ၎င်း၏ နေအိမ်တွင်ကွယ်လွန်သွားကြောင်း သိရသည်။
၎င်းကွယ်လွန်မှုနှင့် ပတ်သက်ပြီး ပါတီနှင့် ရှမ်းနီလူမျိုးအတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ကြောင်း ကျားနီပါတီ (TNDP) က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
ဦးတင်လှသည် ကျားနီပါတီ၏ အရံဗဟိုကော်မတီ ဝင်တစ်ဦး ဖြစ်ပြီး အင်းတော်မြို့နယ်၏ ဥက္ကဌ လည်းဖြစ်သည်။
အင်းတော်မြို့နယ် ရှမ်းနီစာပေ နှင့်ယဉ်ကျေးမှု ကော်မတီ ဥက္ကဌအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်။