၂၀၂၂-၂၀၂၃ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဟုမ္မလင်းမှာအောင်ချက်၆၂ရာခိုင်နှုန်းကျော်ရှိ 

ဇွန်၁၀ဟုမ္မလင်း 

၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဟုမ္မလင်းမြို့နယ်အတွင်း ဝင်ရောက်ဖြေဆိုသူ ၁၅၀၇ ဦးရှိပြီး အောင်မြင်သူ၉၄၂ ဦးရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။ 

ဟုမ္မလင်းမြို့ရဲ့ အောင်ချက် ရာခိုင်နှုန်းအနေနဲ့ ၆၂.၅၁ရာခိုင်နှုန်း ဖြစ်ပါတယ်။ 

ဝိပ္ပံဘာသာတွဲမှာ တစ်နိုင်ငံလုံး အမှတ်အများဆုံး ထိပ်ဆုံး (၁၀) ဦးစာရင်းမှာ  ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာရှိ  ရွှေပြည်စိုးစံ ကိုယ်ပိုင်အထက်တန်းကျောင်းက ငါးဘာသာဂုဏ်ထူးဖြင့် ရမှတ် ၅၁၁ မှတ်နဲ့ မောင်ထူးလွင်မိုးက ပါဝင်တာလည်းဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်း ဝိဇ္ဇာတွဲ ၊ ဝိပ္ပံတွဲ တွေက ရမှတ်အများဆုံး ထိပ်ဆုံး ၁၀ ယောက်မှာ ဟုမ္မလင်းမြို့နယ်က  (၅ )ယောက်ပါဝင်တာလည်းဖြစ်ပါတယ်။ 

ဝိပ္ပံတွဲမှာ ရွှေပြည်စိုးစံ ကိုယ်ပိုင်အထက်တန်းကျောင်း  မှ  မောင်ထူးလွင်မိုး၊  မမြင့်မြင်သူ နှင့် ပြင်ပဖြေသူ မနှင်းသန္တာဦးတို့ဖြစ်ပြီး  ဝိဇ္ဇာဘာသာတွဲမှာ ပြင်ပဖြဆိူသူ မဖြူဖြူမိုး နှင့်  မနန်းခမ်းအောင်တို့ဖြစ်တယ်လို့သိရပါတယ်။ 

တစ်မြို့နယ်လုံးအတိုင်းအတာ ငါးဘာသာဂုဏ်ထူးရှင်(၄)ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် (၈) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၉၁) ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် (၁၃၈) ဦး တစ်ဘာသာဂုဏ်ထူးရှင် (၁၈၄)ဦးရှိကြောင်း သိရပါတယ်။ 

၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ‌စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၃)ခရိုင်နှင့် နာဂဒေသ အပါအဝင် မြို့နယ်(၃၁)နယ်မှာ ဝင်ရောက်ဖြေဆိုသူပေါင်း ၉၉၃၈ ဦး၊  အောင်မြင်သူ ၆၅၂၀ ဦးရှိတယ်လို့သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *