၂၀၂၅ ခုနှစ်စမှာ ဗန်းမောက်မြို့နယ်ရှိ ဝန်ထမ်းများ  CDM ပြုလုပ်ဖို့ ပအဖ ကြေညာ  

ဒီဇင်ဘာ ၂၀ ၊​ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်အတွင်းရှိ Non-CDM ဝန်ထမ်းတွေအနေနဲ့ လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့စပြီး CDM ပြုလုပ်ဖို့ NUG ရဲ့ ဗန်းမောက်မြို့နယ် (ပအဖ) က ဒီဇင်ဘာလ ၁၆ ရက်နေ့ရက်စွဲနဲ့  ကြေညာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

လာမယ့် ၂၀၂၅ ခုနှစ် နှစ်စမှာ CDM မပြုလုပ်တဲ့ ဝန်ထမ်းတွေကို  ထိထိရောက်ရောက်အရေးယူအပြစ်ပေးသွားမယ်လို့ ကြေညာထားပါတယ်။ 

သူတို့ (PDF) မနေ့က လာဖြန့်တာဟုတ်တယ်ခင်ဗျာ့။ မြို့ပေါ်ဝန်ထမ်းတွေလည်းရှိပါသေးတယ်။ ပြေးတဲ့သူတွေလည်းပြေးတာပါပဲ​“ လို့ ဗန်းမောက်ဒေသခံတစ်ဦးက ပြောပါတယ်။ 

CDM မပြုလုပ်တဲ့သူတွေကို တည်ဆဲဥပဒေအရ အပြစ်ပေးအရေးယူသွားမှာဖြစ်ပြီး ဘယ်ပုဒ်မနဲ့ အရေးယူမယ်ဆိုတာကို ဖော်ပြထားတာမရှိပါဘူး။ 

CDM ပြုလုပ်လာရင်လည်း  ဌာနဆိုင်ရာ စာရွက်စာတမ်းတွေ ၊ ပြည်သူ့ပိုင်ပစ္စည်းတွေ နဲ့တကွ  NUG ထံကို ဝင်ရောက်လာဖို့ ကြေညာထားပါတယ်။

အစိုးရဌာနဆိုင်ရာ ၊ ဒေသဆိုင်ရာ ပိုင်ဆိုင်ထားတဲ့ ဒါ့မှမဟုတ် လွှဲအပ်ထားတဲ့ပစ္စည်း၊ သိုလှောင်ထားတဲ့ ပစ္စည်း ၊ အသုံးပြုဖို့ လွှဲအပ်ထားတဲ့  ၊ တခြားပစ္စည်းတွေကိုလည်း ပအဖထံကို စနစ်တကျအပ်နှံရမယ်လို့ ဆိုပါတယ်။ 

ဗန်းမောက်မြို့နယ်အတွင်းမှာ အထွေထွေအုပ်ချုပ်ရေးဌာန  ၊ ကျန်းမာရေး နှင့် ပညာရေး ဝန်ထမ်းအနည်းငယ်ခန့်သာ ကျန်ရှိနေတာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ဗန်းမောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားတွေဟာ မြို့ပေါ်မှသာရှိနေပြီး မြို့နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် KIA+PDF တပ်တွေက ထိန်းချုပ်ထားစိုးမိုးထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *