(၄) နှစ်အရွယ်ကလေးငယ်ကိုစစ်ကောင်စီကဖမ်းဆီးမှု NUG ဘက်ကရှုံ့ချ 

ဧပြီ ၉ ၊ ရန်ကုန်

ဧပြီလ (၅) ရက်နေ့က ရန်ကုန်တိုင်း အလုံမြို့နယ်မှာရှိတဲ့ မူကြိုတစ်ခုမှာ စစ်ကောင်စီတပ်တွေက အသက်(၄)နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဓားစာခံအဖြစ်ခေါ်ဆောင်သွားပြီး သတင်းအစအနမရရှိသေးကြောင်း  NUG ဘက်က ပြောဆိုကြပါတယ်။ 

ဖမ်းဆီးခံလိုက်ရတဲ့ ကလေးငယ်ရဲ့ မိခင်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီး စစ်ကြောရေးမှာထားရှိထားကာ ဖခင်ဖြစ်သူကိုတော့ ရှာဖွေတွေ့ရှိခြင်းမရှိသေးပါဘူး။ 

NUG က ဒီဖြစ်ရပ်အပေါ်မှာ အပြင်းအထန်ရှုံ့ချထားတဲ့ ကြေညာချက်တစ်ခုကို ဒီနေ့ ဧပြီလ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပြီး ကလေးငယ်နဲ့ မိခင်ရဲ့ အသက်အန္တရာယ်ပါ စိုးရိမ်ဖွယ်ဖြစ်တယ်လို့ဆိုထားပါတယ်။ 

ဒါ့အပြင် ကလေးငယ်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးသည့် စစ်ကောင်စီကို သူရဲဘောကြောင်သည့် လုပ်ရပ်လို့ပြောဆိုထားပါတယ်။ 

ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက် တစ်စုံတစ်ရာပြောဆိုထားတာမျိုးမရှိသေးပါဘူး။ 

စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်ဖြစ်ပေါ်လာတဲ့ ဆန္ဒထုတ်ပွဲမှာ ခေါင်းဆောင်တချို့ကို ဖမ်းဆီးမရတာကြောင့် သူ့ရဲ့ ကလေးနဲ့ အမျိုးသမီးတွေကိုလည်း ဖမ်းဆီးထောင်ချမှုတွေရှိခဲ့ပါတယ်။ 

NUG ရဲ့ ပြုစုထားတဲ့ စာရင်းတွေအရ တစ်နှစ်အတွင်း အသက် (၁၈) နှစ်အောက် ကလေးလူငယ် ( ၁၃၂) ဦးသေဆုံးထားပြီး ၊ (၂၁၆) ဦးဖမ်းဆီးခံထားရတာဖြစ်တယ်လို့ဆိုပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *