၆၄နှစ်မြောက်ရှမ်းတော်လှန်ရေးနေ့ရှမ်းတပ်နှစ်တပ်ရဲ့ဌာနချုပ်တွေမှာပြုလုပ် 

မေ ၂၁ ၊ ရှမ်းနီအသံ 

၁၉၅၈ ခုနှစ်ကတည်းက စဝ်နွဲ့က စတင်လာတဲ့ ရှမ်းတော်လှန်ရေးနေ့က မေလ ၂၁ ရက်နေ့မှာ ၆၄ နှစ်မြောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။​

ဒီလို ၆၄ နှစ်မြောက် ရှမ်းတော်လှန်ရေးနေ့နဲ့ ပတ်သက်တဲ့အခမ်းအနားတွေကို ရှမ်းတပ်နှစ်ခုဖြစ်တဲ့ RCSS/SSA လွိုင်တိုင်းလျှန်း ဌာနချုပ် နဲ့ SSPP/SSA ဝမ့်ဟိုင်းဌာ နချုပ်တွေမှာ ပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ 

မြန်မာပြည် လွှတ်လပ်ရေးယူပြီး ၁၀ နှစ်အကြာမှာ တောင်တန်းပြည်မ လွှတ်လပ်ရေးအတူရယူလာပြီးနောက်  ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆိုလိုကြတဲ့ရှမ်းခေါင်းဆောင်တွေကို အန်တုပြီး ရှမ်းမျိုးချစ်လူငယ်တချို့ကို ဦးဆောင်တဲ့ စဝ်နွဲ့စောယန္တ က တောခိုမှုစတင်ခဲ့ပါတယ် ။ 

ရှမ်းမျိုးချစ်လူငယ် ၃၁ ယောက် ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ ၁၉၅၈ မေလ ၂၁ ရက်နေ့ မိုင်းတုံမြို့ နယ် နမ့်ကျွက်ချောင်းဘေး တောတွင်းတစ်နေရာမှာ သျှမ်းပြည် လွတ်လပ်ရေးရရှိဖို့ နယ်ချဲ့ဗမာ တပ်မတော်ကို တွန်းလှန်ဖို့ သွေး သစ္စာရေသောက်ခဲ့ကြပြီး တော်လှန်ရေးသမိုင်း ပထမစာမျက်နှာ စဖွင့်ခဲ့တာလည်းဖြစ်ပါတယ်။​

အဲ့နောက်ပိုင်းမှာ ရှမ်းပြည်အတွင်းမှာ ရှမ်းလူငယ်တွေ စော်ဘွားတချို့ဦးဆောင်တဲ့ လက်ရှိ SSA  တပ်တွေဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ 

ရှမ်းလက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဘယ်လိုပေါ်ပေါက်လာသလဲဆိုတာကို ရှမ်းပြည်သူလူထုတွေသိဖို့ လေ့လာသင့်ကြောင်း SSPP/SSA က ပြောဆိုထားပါတယ်။ 

ရှမ်းတော်လှန်ရေးပန်းတိုင်တွေဖြစ်တဲ့ ဒီမိုကရေစီနဲ့ တန်းတူညီမျှမှုတွေရရှိဖို့  အတူတကွလက်တွဲပြီး အောင်မြင်အောင် နောက်မဆုတ်တမ်းရှေ့တိုးဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။ 

RCSS/SSA ဥက္ကဌ စဝ်ရွက်စစ်ကလည်း ရှည်ကြာလာပြီဖြစ်တဲ့ ရှမ်းတော်လှန်ရေးလက်နက်ကိုင်တွေအကြောင်းပြောဆိုမှုတွေရှိခဲ့ပြီး ရှမ်းလက်နက်ကိုင်အဖွဲ့တိုင်းဆီမှာ အားနည်းချက်ကိုယ်စီရှိခဲ့တာကြောင့်နဲ့  နိုင်ငံရေးဝါဒတွေအပေါ်အခြေခံပြီး  အချင်းချင်းတိုက်ခိုက်မှုတွေပါ ရှိလာတောကြောင့်လိုဆိုပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *