စစ်ကိုင်းတိုင်းဒေသလုံးဆိုင်ရာ ရှမ်းနှစ်သစ်ကူးပွဲတော်အတွက် ငွေကြေးခက်ခဲနေ

စစ်ကိုင်းတိုင်းဒေသလုံးဆိုင်ရာ ၂၁၁၄ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်အတွက် ငွေကြေးအခက်အခဲများ ရှိနေကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် ထောမကုန်းကျေးရွာတွင်ကျင်းပြုလုပ်မည်ဖြစ်သည်။

“တိုင်းအဆင့်ကော်မတီဖွဲ့စည်းပေးတာလဲနောက်ကျတယ်၊ ကျွန်တော်တို့လည်း ဒီကိစ္စကို တစ်ခါ မှမလုပ်ဖူးတော့လေ ပြီးတော့ ဘတ်ဂျက်ရှာဖို့ အချိန်မရှိလိုက်ဘူး”ဟု ပွဲဖြစ်မြောက်ရေးကော်မတီ စိုင်းသိန်းနိုင်ကပြောသည်။

အဆိုပါပွဲဖြစ်မြောက်နိုင်ရေးအတွက် လူအင်းအား နည်းပါးခြင်းအခက်ခဲများ ရှိခဲ့သော်လည်း အခြားမြို့နယ်များမှ စာပေယဉ်ကျေးမှုအဖွဲ့များ၊ အစိုးရဌာနဆိုင်ရာများ ဝိုင်းဝန်းကူညီမူများ ရှိနေပြီဖြစ်ကြောင်း၎င်းကဆက်ပြောသည်။

“အစိုးရဆီက ချပေးမယ့် ဘတ်ဂျက်ကတော့မရောက်သေးဘူး၊ လောလောဆယ် ရွာမှာတွေ ပွဲလုပ်မယ့်အကြောင်းပြောပြီး အလှူခံရတာပေါ့ ဒီလိုပဲ ရှာကြံရတာပေါ့လေ” ၎င်းကဆက်လက်ပြောကြားသည်။

အဆိုပါ ရှမ်းနှစ်သစ်ကူးပွဲတော်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ်သိန်းတစ်ရာ ချ ပေးမည်ဖြစ်သော်လည်း လုံလောက်မှုရှိနိုင်မည်မဟုတ်ကြောင်း တာဝန်ရှိသူ စိုင်းအောင်ရွှေကပြော သည်။

စစ်ကိုင်းတိုင်းဒေသလုံးဆိုင်ရာ ရှမ်းရိုးရာနှစ်သစ်ကူးပွဲတော်သည် ဟုမ္မလင်းမြို့နယ်၊ တမူးမြို့နယ်၊ ခန္တီးမြို့နယ်တို့တွင်အလှည့်ကျ ကျင်းပခဲ့ပြီး ဖောင်းပြင်မြို့နယ်တွင် စတုတ္ထအကြိမ်မြောက် ကျင်းပမည်ဖြစ်သည်။

ပွဲတော်ကျင်းပပြုလုပ်မည့် ထောမကုန်းကျေးရွာမြေပုံ

Leave a Reply

Your email address will not be published. Required fields are marked *