ဆယ်စုနှစ်တစ်ခုအတွင်းကျောင်းသား/သူ၈၀ရာခိုင်နှုန်းဟာအခြေခံပညာရေးပြီးဆုံးသည်အထိပညာမသင်ကြားခဲ့

စာစစ်ဦးစီးဌာန

မေ၁၆၊မန္တလေး 

ဆယ်စုနှစ်တစ်ခုအတွင်းမှာ ကျောင်းသား/သူ ၈၀ ရာခိုင်နှုန်းဟာ အခြေခံပညာအဆင့် ပြီးဆုံးသည်အထိ ပညာမသင်ကြားခဲ့ကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်တဲ့ မှတ်တမ်းအရ တွေ့ရှိရပါတယ်။

ကျောင်းကို စတင်ဝင်လာရောက်သူစုစုပေါင်းရဲ့ သုံးပုံတစ်ပုံဟာ မူလတန်းအထိသာကျောင်းတက်ကြပြီး ထက်ဝက်ကျော်လောက်ဟာ အလယ်တန်းအဆင့်အထိ တက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။

အထက်တန်း/ တက္ကသိုလ်ဝင်တန်းအဆင့်ကို တက်ရောက်တဲ့ ကျောင်းသူ/သားတွေဟာ ၂၀ ရာခိုင်နှုန်းနီးပါးသာရှိနေတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ အာဏာမသိမ်းမီက နှစ်စဉ် ကျောင်းသား/သူ ၉ သန်းမှ ၁၀ သန်းနီးပါးအပ်နှံကြပြီး အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ကျောင်းအပ်နှံသူထက်ဝက်နီးပါးလျော့ကျလာခဲ့တာလည်းဖြစ်ပါတယ်။

အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ ကျောင်းသား/သူ ၅.၃ သန်း သာ အပ်နှံခဲ့ကြသလို ၂၀၂၂ ခုနှစ်မှာ ၇ သန်းကျော် ၊ ၂၀၂၃ ခုနှစ်မှာ ၈ သန်း နဲ့ ၂၀၂၄ ခုနှစ်မှာ ၇ သန်းကျော် အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကြောင့် စစ်ကောင်စီလက်လှမ်းမမှီနိုင်တဲ့​ဒေသမှာ NUG က  ကြားကာလ ပညာရေးစနစ်တွေဖော်ဆောင်ပြီးပညာသင်ကြားနေတာလည်းဖြစ်ပါတယ်။

“ အသက် ၁၀-၁၉ နှစ်ကြားကလေးတွေမှာလည်း ကျောင်းထွက်ရမှုနှုန်း မြင့်မားပါတယ်” လို့ UNICEF က ပြောဆိုထားပါတယ်။ 

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြပြီး အသက် ၁၂ နှစ်မှစ၍ ကျောင်းတက်နှုန်းကျဆင်းလာကာ အသက် ၁၄ နှစ် နောက်ပိုင်းအလယ်တန်းပြီးမြောက်ချိန်တွင် သိသိသာသာကျဆင်းလာတယ်လို့ဆိုပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့   အခြေခံပညာအလယ်တန်းကျောင်း ၁၃၈၇၉ ကျောင်း၊ မူလတန်းကျောင်း ၂၁၅၅၀ ကျောင်းရှိပြီး မြို့ပြဒေသတွင် အခြေခံပညာအလယ်တန်းကျောင်း ၁၆၂၆ ကျောင်း၊ မူလတန်းကျောင်း ၃၃၁၈ ကျောင်းရှိတယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *