ထရန့်ခရီးစဉ်အပြီး တရုတ်နိုင်ငံကို ရုရှားသမ္မတရောက်လာ 

မေ ၂၀ ၊ ပေကျင်း 

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် အလည်အပတ်ခရီးနဲ့ ရောက်လာတဲ့  ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲကို ပေကျင်းတွင် စတင်နေကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာတွေက ဒီနေ့မှာ ဖော်ပြကြပါတယ်။ 

ဗုဒ္ဓဟူးနေ့မှာ  ပူတင်အား တရုတ်နိုင်ငံမြို့တော်က ကြိုဆိုခဲ့ပြီး  ဆွေးနွေးပွဲများ မပြုလုပ်မီ ပြည်သူ့ခန်းမကြီးအပြင်ဘက်မှာ ရုရှားခေါင်းဆောင်နဲ့  လက်ဆွဲနှုတ်ဆက်ခဲ့ကြောင်း ရုရှားမီဒီယာများက ပြသခဲ့ကြပါတယ်။ 

ရုရှားနဲ့ တရုတ်အကြား ပူးပေါင်းဆောင်ရွက်မှုတွေမှာ  “အားကောင်းပြီး အပြုသဘောဆောင်သော” အရှိန်အဟုန်ကို ပူတင်က ချီးကျူးဂုဏ်ပြုခြင်းဖြင့် ဆွေးနွေးပွဲများကို စတင်ခဲ့တယ်လို့ ရုရှားမီဒီယာတွေက ဆိုပါတယ်။ 

တရုတ်နိုင်ငံခေါင်းဆောင်ရှီက ရုရှားသမ္မတ ပူတင်ကို ရုရှားနဲ့ တရုတ်ကြားက  “ခိုင်မာသော ဆက်ဆံရေး” ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ 

ကျွန်ုပ်တို့ဟာ စမ်းသပ်မှုများနှင့် ဒုက္ခများကြားမှ ခိုင်မာတဲ့  ခံနိုင်ရည်တွေနဲ့   နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု၊ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် နက်ရှိုင်းအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ” ဟု ရှီက ပူတင်အား ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။

တရုတ်သမ္မတ ရှီက  အီရန်အပေါ် အမေရိကန်-အစ္စရေးစစ်ပွဲကိုအကြောင်းကို ထည့်ပြောခဲ့သလို  ရုရှားသမ္မတကလည်း နောက်ထပ် ပဋိပက္ခတွေဟာ  “မသင့်လျော်” ကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေး လိုအပ်ကြောင်းပြောပါတယ်။ 

“ပြည့်စုံသော အပစ်အခတ်ရပ်စဲရေးသည် အလွန်အရေးကြီးပြီး ရန်လိုမှုများ ပြန်လည်စတင်ခြင်းသည် ပို၍ပင် မသင့်လျော်ကြောင်းနှင့် ဆွေးနွေးပွဲများကို ထိန်းသိမ်းခြင်းသည် အထူးအရေးကြီးကြောင်း” ရှီက ပြောကြားခဲ့တယ်လို့ ဆင်ဟွာသတင်းအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *