
မေ ၂၀၊ ရန်ကုန်
လိုင်စင် မရှိဘဲဘဏ်အဖြစ် ထူထောင်လုပ်ကိုင်ရင် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပြဌာန်းချက် အရ အရးယူခံရမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မနေ့က မေ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၈ မှာလိုင်စင်မရှိပဲ ဘဏ်အဖြစ် ထူထောင်လုပ်ကိုင်ခြင်းမပြုရလို့ တားမြစ်ထားပြီး အဲဒီတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားပေါ်ပေါက်ရင် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၇၁ အရ အရေးယူခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းပြည်မြောက်ပိုင်းမှာ က တအောင်းတပ် ထိန်းချုပ်တဲ့ နမ့်ခမ်းမြို့မှာ “ဝ” ဒေသရဲ့ Digital Bank လုပ်ငန်းတခုဖြစ်တဲ့ The Mountain (TMB) ဘဏ်က ဘဏ်ခွဲဖွင့်လှစ်မယ့် သတင်းထွက်ပေါ်လာပြီးနောက် ဗဟိုဘ်ဏ်က ထုတ်ပြန်လာတာပါ။
အဆိုပါ ထုတ်ပြန်ထားတဲ့ Website မှာ စာရင်းမပါဝင်တဲ့ Digital Bank အပါအဝင် တရားမဝင်တခြားအဖွဲ့အစည်းတွေဟာ ဘဏ်လုပ်ငန်း ဆောင်ရွက်ဖို့ လိုင်စင်ထုတ်ပေးထားခြင်း မရှိတာကြောင့် မလိုလားအပ်တဲ့ ဆုံးရှုံးနစ်နာမှုတွေ မရှိစေဖို့အတွက် ပြည်သူတွေအနေနဲ့ အဲဒီအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်တာ မပြုလုပ်ဖို့ကိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဗဟိုဘဏ်အနေနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားတဲ့ဘဏ်နဲ့ ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေးအဖွဲ့ အစည်းတွေ စာရင်းကို အဲဒီဗဟိုဘဏ်ရဲ့ Website မှာ ထုတ်ပြန်ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့ကလည်း ဗဟိုဘဏ်က ပြည်ပငွေလွဲလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုခြင်း ဆိုင်ရာ စည်းမျဉ်းအသစ် ( ၁၄ ) ခုကိုလည်း ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
