၂၂ နှစ်ကြာ စောင့်ခဲ့ရတဲ့ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု 

မေ ၂၀ ၊ လန်ဒန် 

၂၂ နှစ်ကြာ ပရီးမီးယားလိဂ်ချန်ပီယံဆုလွှဲချော်နေမှုကို မနေ့ညမှာပဲ အာဆင်နယ်အသင်းက အဆုံးသတ်လိုက်ပါတယ်။ 

မန်စီးတီးနှင့် ဘွန်းမောက် Bournemouth သရေကျပြီးနောက် အာဆယ်နယ်ဟာ  ပထမနေရာတွင် ရပ်တည်ရန် သေချာခဲ့တာလည်းဖြစ်ပါတယ်။ 

အာဆင်နယ်ဟာ  ၂၀၂၅/၂၆ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ပြီး ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဆုကို ရရှိခဲ့သည်။

အင်္ဂါနေ့ညက မန်ချက်စတာစီးတီးနဲ့ ဘွန်းမောက်တို့ ၁-၁ သရေကျမှုကြောင့် ပရီးမီးယားလိဂ်ဇယားတွင် ပထမနေရာနှင့် လေးမှတ်ကွာဟသွားတာခဲ့ပါတယ်။ 

အာဆင်နယ်၏အောင်မြင်မှုဟာ  သုံးနှစ်ဆက်တိုက် ဒုတိယနေရာရရှိခဲ့ပြီး ဒီနှစ်မှာ ချန်ပီယံဆုကိုဆွတ်ခူးသွားတာလည်းဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ အခုဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံဆု လေးကြိမ် ရရှိထားပြီး လီဗာပူးလ်ထက် နှစ်ကြိမ် သာလွန်နေပြီး ချယ်လ်ဆီးထက် တစ်ကြိမ်သာ နောက်ကျနေပါတယ်။ 

မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု ၁၃ ကြိမ် ရရှိထားပြီး မန်စီးတီးကတော့ ရှစ်ကြိမ် ရရှိထားပါတယ်။ 

ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိခဲ့တဲ့ တခြားအသင်းတွေကတော့ ဘလက်ဘန်း ရိုဗာစ်နဲ့ လက်စတာစီးတီးတို့ပဲ ဖြစ်ပြီး တစ်ကြိမ်စီ ရရှိထားပါတယ်။

အင်္ဂလိပ်ထိပ်တန်းလိဂ်ရဲ့ သမိုင်းတစ်လျှောက်မှာ အာဆင်နယ်ဟာ ချန်ပီယံဆု ၁၄ ကြိမ် ရရှိထားပြီး လီဗာပူးလ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ပဲ ချန်ပီယံဆု ၂၀ ကြိမ် ရရှိထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *