ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက်  ကောင်းတဲ့အရာကို နေပြည်တော်က စဉ်းစားနေကြောင်း ထိုင်းဝန်ကြီးပြောကြား

ဧပြီ ၂၃ ၊ နေပြည်တော် 

မြန်မာနိုင်ငံဟာ  ငါးနှစ်ကြာ ဘေးဖယ်ထားခဲ့ပြီးနောက်  အာဆီယံနဲ့ ဆက်ဆံရေး ပုံမှန်ဖြစ်အောင် ကြိုးပမ်းနေချိန်မှာပဲ  ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် “ကောင်းသောအရာများ” ကို နေပြည်တော်က  စဉ်းစားနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဧပြီလ ၂၂ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမှာ ဖမ်းဆီးခံရတဲ့ ဒေါ်အောင်ဆန်စုကြည်ရဲ့ အခြေအနေကို မြန်မာခေါင်းဆောင် စစ်ခေါင်းဆောင်ဟောင်းမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံရဲ့  ထိပ်တန်းသံတမန် စီဟာဆတ် ဖောင်ကက်ကွေးတို့ တွေ့ဆုံမှုမှာ  ဆွေးနွေးခဲ့ကြတာပါ။ 

အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်စုကြည်ဟာ  အာဆီယံမှ  သူမရဲ့  ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို ပြန်လည်ဖြေကြားပြီးနောက် မစ္စတာ စီဟာဆတ်က သူမအား ကောင်းစွာ ဂရုစိုက်နေကြောင်း အသိပေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

“ အာဆီယံနိုင်ငံအများအပြားက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေကြပြီး ကောင်းတဲ့အရာတွေကို စဉ်းစားနေတယ်လို့ သူက ပြောပါတယ် ဒါကြောင့် ဒါက ကောင်းတဲ့အရာတစ်ခု ဖြစ်နိုင်တယ်” လို့ မစ္စတာ ဆီဟာဆက်က ပြောကြားခဲ့ပြီး  ဦးမင်းအောင်လှိုင်က အသေးစိတ် မရှင်းပြခဲ့ဘူးလို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

သူတို့ဟာ ပိုကောင်းတဲ့ လမ်းကြောင်းတစ်ခုဆီ ဦးတည်နေတယ်ဆိုတာကို ပြသဖို့ ကြိုးစားနေကြပါတယ်။ ဒီအရာတွေက မရှိမဖြစ်ပါ။ ဘာလို့လဲဆိုတော့ သူတို့ကို အာဆီယံကို ပြန်လာစေချင်လို့ပါ။ ကျွန်တော်တို့က သူတို့ကို ကူညီချင်ပေမယ့် သူတို့ကိုယ်တိုင် မကူညီနိုင်ရင် ကျွန်တော်တို့ ကူညီလို့ မရပါဘူး။” လို့ သူက ဆက်ပြောပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ်ကလို့ ပုဒ်မပေါင်းများစွာနဲ့ စစ်တပ်က ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဦးမင်းအောင်လှိုင်က ဖမ်းဆီးခံထားရတဲ့ ဦးဝင်းမြင့် ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် မပါဝင်လာတာကြောင့် သူမရဲ့အခြေအနေအပေါ် မေးခွန်းတွေထုတ်ပြန်လာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *