ပင်လည်ဘူးမြို့နယ်ရှိ ကျေးရွာတချို့တွင် စက်သုံးဆီပြတ်လပ်

ပင်လည်ဘူးမြို့နယ်က အင်တာနက်အသုံးပြုနေသူတစ်ဦး

အောက်တိုဘာ ၈ ၊ ပင်လည်ဘူး

အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခြင်းခံထားရသည့် ပင်လည်ဘူးမြို့နယ်ရှိ ကျေးရွာတချို့တွင် စက်သုံးဆီပြတ်လပ်မှုများနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများထံမှသိရသည်။​

“ အင်တာနက်လိုင်းတွေမမိလို့ နွားစာခုံတဲကို ဆိုင်ကယ်နဲ့လိုင်းလာသုံးရတာ ၊ အခု ဓာတ်ဆီစျေးက တစ်ဂါလံ တစ်သောင်းကျပ်ကနေ ဝယ်လို့မရတော့ပါ ။​ ဓာတ်ဆီပြတ်နေပြီ” ဟု ပင်လည်ဘူးဒေသခံတစ်ဦးက ဆိုသည်။ 

အင်တာနက်လိုင်း နှင့် ဖုန်းလိုင်းများ အသုံးပြုနိုင်ရန်အတွက် ဗန်းမောက်မြို့နယ်စပ်အနီးရှိ ကျေးရွာသို့ လာရောက်ပြီး အသုံးပြုရခြင်းဖြစ်ကြောင်း သိရသည်။ 

စက်သုံးဆီစျေးများသည် စက်တင်ဘာလကုန်တွင် တစ်နိုင်ငံလုံးနီးပါး စျေးနှုန်းနှစ်ဆကျော်အထိမြင့်တက်လာခဲ့ပြီး ယနေ့တိုင် မြင့်တက်နေဆဲဖြစ်နေသည်။ 

ပင်လည်ဘူးမြို့နယ်၏ မြောက်ဘက်တွင် ဗန်းမောက်မြို့နယ် နှင့် ထိစပ်နေပြီး တောင်ဘက်တွင် ကျွန်းလှမြို့နှင့် ဆက်သွယ်ထားက အနောက်ဘက်တွင် ဖောင်းပြင်မြို့နယ်ထိဖြင့် ထိစပ်နေသည်။​

ကုန်သွယ်ရေးလုပ်ငန်းအတွက်  ကားလမ်းတစ်ခုတည်းသာရှိပြီး ကျေးရွာချင်းဆက်လမ်းများလည်း ယနေ့အချိန်ထိ ခက်ခဲနေဆဲဖြစ်သည့် မြို့နစ်ခုလည်းဖြစ်သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင်တစ်ခုလုံးကို စစ်ကောင်စီက အောက်တိုဘာလ ၂၆ ရက်နေ့ကတည်းက ဖြတ်တောက်ထားခဲ့ခြင်းဖြစ်သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *