ဖားကန့်မြို့လုံးခင်းကျေးရွာရှိ Green City KTV မန်နေဂျာသေနတ်ဖြင့်ပစ်သတ်ခံရ 

ဩဂုတ်၁၈၊ဖားကန့် 

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရပ်ကွက်(၁) ရှိ  Green City KTV ၏ မန်နေဂျာကို သြဂုတ်လ(၁၇)ရက်နေ့ ည (၉)နာရီခွဲအချိန်မှာ  လက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်ကြံစည်သွားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

  “ တစ်ခါတည်း သေသွားတယ် လေးချက်ပစ်သွားတာ အခုနာရေးအသင်းကအလောင်းလာကောက်နေကြပြီ” ဟု ဖြစ်စဉ်အနီးရှိ လုံးခင်းကျေးရွာသားတစ်ဦးက ယမန်နေ့ညက ပြောဆိုပါတယ်။ 

  အဆိုပါ  KTVသို့ ဆိုင်ကယ်စီးနှင်းပြီး သေနတ်ကိုင်ဆောင်လာသော လူစိမ်းနှစ်ဦးက လာရောက်ကာ မန်နေဂျာဖြစ်သူကို ပစ်ခတ်သွားတာဖြစ်သည်ဟု ဆိုပါတယ်။

  ပစ်သတ်ခံရသူက ဖားကန့်မြို့သား အသက်(၄၅)နှစ်အရွယ်ရှိ  ကိုကျော်ထွန်းအောင်ဖြစ်တယ်လို့သိရပါတယ်။ 

  အဆိုပါ Green City KTV ဟာ ကချင်လူမျိုးတစ်ဦး ပိုင်ဆိုင်တယ်လို့ ဟုသိရပြီး ယခုလို မန်နေဂျာ လုပ်ကြံခံရခြင်း အကြောင်းအရင်းကိုတော့ မသိရှိကြဘူးဟု ဒေသခံတစ်ချို့က ပြောကြပါတယ်။

ဩဂုတ်လ ၁၇ ရက်နေ့မှာလည်း ဖားကန့်မြို့နယ်မှာ အမည်မသိလူနှစ်ဦးကို လက်ပြန်ကြိုးတုတ်ပစ်ခတ်သတ်ဖြတ်ထားတဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တဲ့ ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ပါတယ်။ 

  ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့မေလကလည်း ဆိပ်မူကျေးရွာက တည်းခိုခန်းပိုင်ရှင်အမျိုးသမီး ဓားထိုးခံရမှုဖြစ်ပွားပြီး သေဆုံးခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *