ဗန်းမောက်မြို့နယ်စီးမော်ကျေးရွာရှိစာသင်ကျောင်းအနီးမိုင်းခွဲခံရ 

ဗန်းမောက်မြို့နယ် စီးမော်ကျေးရွာမှာ ဖေဖော်ဝါရီလ (၁)ရက်နေ့ ည(၁၀)နာရီကျော် အချိန်က မိုင်းခွဲခံရမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စီးမော်ကျေးရွာမှာရှိတဲ့ စာသင်ကျောင်းအနီးမှာ မနေ့က ဖေဖော်ဝါရီ(၁)ရက်နေ့ အာဏာသိမ်းနှစ်ပတ်လည်နေ့ သတိပေးတဲ့အနေနဲ့  PDF တွေကပြုလုပ်တာဖြစ်တယ်လို့   ဒေသခံတွေက ရှမ်းနီအသံကို ပြောဆိုပါတယ်​။ 

ထိုပေါက်ကွဲမှုကြောင့် ပျက်စီးမှုအကြောင်းကိုတော့ မသိရေသေးပေ။ 

ဒါ့အပြင် မံကပ်ကျေးရွာနဲ့ နားမှော်ကျေးရွာအနီးမှာလည်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။​

ဗန်းမောက်မြို့နယ် တောင်းပိုင်းက နားမော်ကျေးရွာမှာရှိတဲ့ မိုင်တဲတာဝါတိုင်တစ်ခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ည ၈ နာရီခွဲကျော်အချိန်က မိုင်းခွဲခံရမှုလည်းဖြစ်ပွားခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *