ဗြိတိန်နိုင်ငံသက်တမ်းအရှည်ကြာဆုံးဘုရင်မအဲလစ်ဇဘတ်  နတ်ရွာစံ 

စက်တင်ဘာ ၉ ၊

ဗြိတိန်နိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံး ဒုတိယမြောက် အဲလစ်ဇဘတ်ဘုရင်မက  စက်တင်ဘာလ ၈ ရက်နေ့မှာ နတ်ရွာစံသွားပြီ ဘာကင်ဟမ်နန်းတော် ထုတ်ပြန်လိုက်ပါတယ်။ 

ဘာကင်ဟမ်နန်းတော်က  ”ဘုရင်မကြီးဟာ ဘယ်လ်မိုရဲလ်မှာ ဒီနေ့ မွန်းလွဲပိုင်းက ငြိမ်းချမ်းစွာ နတ်ရွာစံသွားတယ်” လို့ ကြေညာလိုက်ပါတယ်။ 

၁၉၂၆ ခုနှစ်မှာ မွေးဖွားခဲ့တဲ့အဲလစ်ဇဘတ်ဘုရင်မကြီးက သက်တော် ၉၆ နှစ်မှာ နတ်ရွာစံခဲ့တာလည်းဖြစ်ပါတယ်။ 

အဲ့လစ်ဇဘတ်ဘုရင်မကို ပဉ္စမမြောက် ဂျော့ချ် ဘုရင်ရဲ့ ဒုတိယသားတော် ယော့ခ်မြို့စား အဲလ်ဘတ်နဲ့ ကြင်ယာတော် လေဒီ အဲလစ်ဇဘက် ဘိုးစ်လီယွန်တို့ရဲ့ ပထမမြောက်သမီးလည်းဖြစ်ပါတယ်။ 

ဇွန်လက သူ့ရဲ့ နန်းသက် ၇၀ ပြည့်အခမ်းအနားကိုလည်း စည်စည်ကားကားကျင်းပခဲ့တာဖြစ်ပါတယ်။ 

ဘုရင်မကြီးကွယ်လွန်ချိန်မှာ အိမ်ရှေ့မင်းသား သားတော်ချားလ်မ်င်းသားက ထီးနန်းအရိုက်အရာကို ဆက်ခံသွားဖို့လည်းရှိနေပါတယ်။ 

ဗြိတိန်ထီးနန်းစတင်ဆက်ခံပြီးကတည်းက နိုင်ငံတကာ ကို ခရီးသွားခဲ့တဲ့ ဘုရင်မကြီးက မြန်မာနိုင်ငံကို ၂၀၁၇ ခုနှစ်မှာ ရောက်ရှိလာပြီး ဧရာဝတီမြစ်အတွင်းကို လှည့်လည်ကြည့်ရှု့ခဲ့ပါတယ်။ 

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဘာကင်ဟမ်နန်းတော်မှာ တွေ့ဆုံခဲ့သူဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *