ရွှေပြည်မြင့်ကျေးရွာက ရပ်မိရပ်ဖတစ်ဦးကို KIA ဖမ်းဆီးထားမှု ပြန်လွှတ်ပေးဖို့ PCG ထံ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ တင်ပြထား 

ပြည်မြင့်ကျေးရွာက ရပ်မိရပ်ဖတစ်ဦးကို KIA ဖမ်းဆီးထားမှု ပြန်လွှတ်ပေးဖို့ PCG ထံ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ တင်ပြထား 

======================

မေ ၂၉ ၊ မြစ်ကြီးနား 

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ရွှေတွင်းကျေးရွာအုပ်စု ရွှေပြည်မြင့်ကျေးရွာက ရပ်မိရပ်ဖဖြစ်တဲ့ ဦးအောင်စိန်ကို KIA ရဲ့ တပ်သားတွေဟာ  မေလ ၁၂ ရက်နေ့ကတည်းက ဖမ်းဆီးသွားခဲ့ပြီး  နှစ်ပတ်ကျော်ကြာသည်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘူးလို့သိရပါတယ်။ 

မေလ ၁၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်မှာ ရွှေပြည်မြင့်ကျေးရွာရှိ သူရဲ့အိမ်အတွင်းကို သေနတ်အရှည် ၄ လေးကိုင်ဆောင်ထားသူ လေးဦးက ဝင်ရောက်ဖမ်းဆီးသွားခဲ့ကာ ဆယ်ဇင်းကျေးရွာဘက်သို့ ခေါ်ဆောင်သွားကြတယ်လို့ သူ့ရဲ့မိသားစုဝင်ဆီကနေ သိရပါတယ်။

ဦးအောင်စိန်ဟာ အသက် ၆၈ နှစ်အရွယ်ရှိပြီး လက်ရှိမှာ လူကြီးရောဂါကိုလည်း ခံစားနေရသလို လက်ရှိ အသက်အန္တရာယ်လည်း စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ပြန်လည်လွှတ်မြောက်လာရေးအတွက် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (SEA)  ထံကို သူ့ရဲ့မိသားစုဝင်တွေက အကူအညီတောင်းခံခဲ့ကြပြီး ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကလည်း ညှိနှိုင်းပေးမှုတွေရှိနေတယ်လို့သိရပါတယ်။ 

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကလည်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ထံကို  ဖမ်းဆီးခံရမှု အကြောင်းအရာတွေနဲ့ ဖမ်းဆီးထားရာကနေ ပြန်လွှတ်ပေးဖို့ မေလ ၂၇ ရက်နေ့ ရက်စွဲနဲ့  တင်ပြထားတယ်လို့ သိရှိရပါတယ်။ 

ဦးအောင်စိန်ဖမ်းဆီးခံရတဲ့ တစ်ရက်တည်းမှာပဲ  ရွှေပြည်မြင့်အနီးရှိ စစ်ဘေးရှောင်စခန်းမှ  ကိုယ်ဝန်ဆောင်အမျိုးတစ်ဦးတစ်ဦး အပါအဝင် အမျိုးသမီး တချို့လည်း ဖမ်းဆီးခေါ်ဆောင်သွားခံရတယ်လို့  PCG ထံ SEA က တင်ပြတဲ့ စာထဲမှာ ရေးသားထားပါတယ်။ 

ရွှေပြည်မြင့်ကျေးရွာဟာ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့  ၂၀၂၅ ခုနှစ် အတွင်းမှာ ကျေးရွာတစ်ခုလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *