
ဩဂုတ် ၅ ၊ နေပြည်တော်
ယာယီသမ္မတ ဦးမြင့်ဆွေဟာ လက်ရှိ အထူးစိုးရိမ်ဖွယ်အခြေအနေကြုံတွေ့နေရပြီး အထူးကြပ်မတ်ကုသမှုတွေကို ခံယူနေရတယ်လို့ ဒီနေ့ ဩဂုတ်လ နေ့လည်ပိုင်းမှာ ကာလုံက သတင်းထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့နှစ်ကတည်းက ကျန်းမာရေးကြောင့် ဆေးခွင့်နဲ့ အနားယူနေခဲ့ရပြီး ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာတော့ အစားမစားနိုင်တာ၊ အဖျားတက်တာ ၊ ဦးနှောက်နိုးကြားမှု လျော့နည်းလာတာတွေကြောင့် ဆေးကုသမှုခံယူနေခဲ့ရတာလည်းဖြစ်ပါတယ်။
သို့ပေမယ့်လည်း ကျန်းမာရေးအခြေအနေဟာ စိုးရိမ်ဖွယ်အခြေအနေဖြစ်တာကြောင့် အမှတ် (၂) စစ်ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးနေတယ်လို့ ထုတ်ပြန်ပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေက လှုပ်ရှားမှုတုန့်နှေးခြင်းနှင့် အစာအာဟာရ စားသုံးနိုင်မှုလျော့နည်းမှုတွေကြောင့် ၂၀၂၃ ခုနှစ်မှာ ဆေးစစ်ကြည့်ရာအာရုံကြော နှေးကွေးတုံ့ဆိုင်းတဲ့ရောဂါခံစားနေရတာလည်းဖြစ်ပါတယ်။
