မန္တလေးမြို့မှာရောက်နေတဲ့ ဗန်းမော်မြို့ကရှမ်းနီစစ်ဘေးရှောင်တွေ အခက်အခဲဖြစ်နေ

မန္တလေးမြို့ရောက် ဗန်းမော်စစ်ရှောင်များကို ကချင်ပြည်နယ် ရှမ်းရေးရာဝန်ကြီး ဦးစိုင်းတင်အောင် သွားရောက်တွေ့ဆုံနေစဉ်/ Credit

 ဇူလိုင် ၉၊ ဗန်းမော်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကနေ ရွှေကူမြို့နယ်မှ တစ်ဆင့် မန္တလေးမြို့သို့ တိုက်ပွဲများကြောင့် တိမ်းရှောင်လာတဲ့ရှမ်းနီဒေသခံများမှာ နေထိုင်ရေးနဲ့ စားဝတ်နေရေးအခက်အခဲများစွာရှိနေတယ်လို့ စစ်ရှောင်ဒေသခံတစ်ဦးထံမှ သိရပါတယ်။ 

မန္တလေးမြို့ကို စစ်ရှောင်လာတဲ့  အိမ်ထောင်စု   (၂၁၀၀) ကျော်ရှိပြီး စက်မှုရပ်ကွက်မှာလည်း ရှမ်းနီစစ်ရှောင်တွေနဲ့  ဝန်ထမ်းအများအပြား( ၃၀၀) ကျော်နီးပါးရောက်ရှိနေတာဖြစ်ပါတယ်။

“ အရမ်းခက်ခဲတဲ့ မိသားစုတွေကိုပဲ စာရင်းကောက်ထားတာဖြစ်တယ်လေနော့်၊ဆန်နဲ့ ဆီ လိုအပ်နေကြတယ်” လို့ ကူညီဆောင်ရွက်နေသူ တစ်ဦးက ဆိုပါတယ်။ 

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့မှစကာ ဗန်းမော်မြို့အတွင်း စစ်တပ်နဲ့ KIA+ PDF ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ နှစ်ဖက်တိုက်ပွဲအပြန်အလှန် ဖြစ်ပွားခဲ့ပြီးနောက် မြို့လုံးကျွတ် တိမ်းရှောင်ခဲ့ကြရတာလည်း ဖြစ်ပါတယ်။ 

ဒေသခံများမှာ တိုက်ပွဲနဲ့ဝေးရာ ဘေးလွှတ်ရာကို ရွေ့ပြောင်းကြရင်း မန္တလေး ၊​ပြင်ဦးလွင် ၊ မြစ်ကြီးနား၊ မိုးညှင်းနဲ့  ဟိုပင် စတဲ့ နေရာများမှာတိမ်းရှောင်နေကြတာဟာ  (၂ )နှစ်ကျော်ကြာမြင့်နေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် (၂) ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်အောင်ကလည်း မန္တလေးမြို့မှာ  တိမ်းရှောင်နေတဲ့ ဗန်းမော်စစ်ရှောင်များကို သွားရောက်တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ဝန်ကြီးက မိမိတတ်နိုင်တဲ့ဘက်က အကူအညီပေးရန်အသင့်ဖြစ်ကြောင်းနဲ့ ကိုယ်တိုင်လည်း အိုးအိမ်မရှိ ပျက်စီးခံခဲ့ရတဲ့ စစ်ရှောင်တစ်ယောက်ဖြစ်ခဲ့တာကြောင့် များစွာစိတ်မကောင်းဖြစ်ရပြီး ကိုယ်ချင်းစာနားလည်ပါတယ်လို့ နှစ်သိမ့်စကားပြောဆိုခဲ့ပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးတပ်များက ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၅ ရက်နေ့မှာ မြို့အတွင်းကျန်ရှိနေတဲ့ စစ်တပ်ရဲ့ ကာကင်းစခန်းများနဲ့ တပ်စခန်းတစ်ချို့ကို  တစ်ပြိုင်နက်ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မြို့အနီးတစ်ဝိုက်နဲ့ နေရာအများစုကို ၎င်းတို့ကထိန်းချုပ်သိမ်းယူထားတာပါ။

လက်ရှိမှာ စစ်တပ်က ဗန်းမော်မြို့ကိုလက်မလွတ်နိုင်ရေးအတွက် ကြိုးစားနေဆဲဖြစ်ပြီး ယနေ့အချိန်ထိနှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေဆဲလည်းဖြစ်ပါတယ်။။

Leave a Reply

Your email address will not be published. Required fields are marked *