စစ်အုပ်ချုပ်ရေးမာရှယ်လောကိုသက်တမ်းထပ်တိုးပြန်၊ (၂)မြို့နယ်ကိုဖယ်ထုတ်ထား

ဇူလိုင်(၂၂)၊ နေပြည်တော်

စစ်အုပ်ချုပ်ရေး (မာရှယ်လော) အမိန့်ထုတ်ပြန်ထားတဲ့ မြို့ပေါင်း ၆၀ ထဲမှာ နှစ်မြို့ကိုဖယ်ထုတ်ပြီး သက်တမ်းပြန်တိုးလိုက်ပါတယ်။​

မနေ့က ဇူလိုင်(၂၁ )ရက်နေ့မှာ ထပ်မံသက်တမ်းတိုးလိုက်ပြီး  ယခင်မြို့နယ်ပေါင်း (၆၀)မြို့နယ် ပါဝင်ခဲ့တဲ့အထဲ အခုတစ်ကြိမ်မှာတော့ (၂)မြို့နယ်ကို ဖယ်ထုတ်ပြီး စစ်အုပ်ချုပ်ရေးသက်တမ်းတိုးတာပါ။

ချင်းပြည်နယ်က တွန်းဇံမြို့နယ်နဲ့ ဖလမ်းမြို့နယ်ရှိ ဒေသတွေမှာ နယ်မြေတည်ငြိမ်မှုရှိလာပြီဖြစ်တဲ့အတွက် စစ်အုပ်ချုပ်ရေးသက်တမ်းတိုးတဲ့အထဲ မထည့်တော့တာဖြစ်ကြောင်း  ဦးမင်းအောင်လှိုင်ရဲ့လက်မှတ်နဲ့ ထုတ်ပြန်ထားတာပါ။

ဒီထဲ  ပြည်နယ်နဲ့တိုင်း (၉)မြို့နယ်ရှိ ရခိုင်ပြည်နယ်က (၁၄)မြို့နယ်နဲ့ ရှမ်းပြည်နယ်က (၁၀)မြို့နယ်က အများဆုံးဖြစ်ပြီး နောက်ထပ်စစ်ကိုင်းတိုင်း (၈)မြို့နယ်၊ ကချင်ပြည်နယ်(၅)မြို့နယ်၊ ချင်းပြည်နယ်(၅)မြို့နယ်၊ မကွေးတိုင်း(၅)မြို့နယ်၊ ကယားပြည်နယ်(၃)မြို့နယ်၊ ကရင်ပြည်နယ်(၂)မြို့နယ်၊ မန္တလေးတိုင်းမှာ (၂)မြို့နယ်တို့ပဲဖြစ်ပါတယ်။ 

အခုလို သက်တမ်းတိုးတဲ့အချိန်ကာလကလည်း ရက်ပေါင်း(၉၀) သုံးလအထိ ဆက်လက်ကြာမြင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။

အခု(၂၀၂၆)ခုနှစ်အတွင်းမှာ တိုက်ပွဲနဲ့နယ်မြေမတည်ငြိမ်မှု အများဆုံးဖြစ်ပွားနေတာက စစ်ကိုင်း၊ ကချင်ပြည်နယ်နဲ့  ရခိုင်ပြည်နယ်တို့ပဲဖြစ်ပါတယ်။

ကချင်ပြည်နယ်က  (၅ )မြို့နယ်မှာ KIA ထိန်းချုပ်ထားတဲ့ နယ်မြေတွေဖြစ်တဲ့ ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော် နဲ့ ချီဖွေ စတဲ့မြို့နယ်တွေ ပါဝင်တာဖြစ်ပြီး စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော် စတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။

ဒီနှစ်မှာ နယ်မြေအသစ်အနေနဲ့ ကချင်ပြည်နယ်အတွင်းက မာရှယ်လောကြေညာထားခြင်းမရှိတဲ့ မိုးညှင်းမြို့နယ်မှာ တိုက်ပွဲတွေစတင်ပြင်းထန်လာတာ တွေ့နေရပြီး တော်လှန်းရေးတပ်ဖွဲ့စိုးမိုးထားတဲ့ ဒေသတွေကို စစ်အုပ်စုက ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။ 

စစ်အုပ်ချုပ်ရေးအမိန့်ထဲ ပါတဲ့ ရခိုင်က စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်မှာလည်း ဒီလပိုင်းမှာ တိုက်ပွဲပြင်းထန်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *