IMF ၏ မြန်မာနိုင်ငံအပေါ်ပေးထားသည့် သန်းပေါင်းများစွာသောကိုဗစ်အကူအညီများပျောက်ဆုံးနေ

 

နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF) က Covid19 တိုက်ဖျက်ရေး အကူအညီအတွက် စစ်တပ်အာဏာမသိမ်းမီ ရက်ပိုင်းက လွဲပေးခဲ့သည့် အမေရိကန်ဒေါ်လာ (၃၇၂) သန်းပျောက်ဆုံးနေကြောင်း နိုဝင်ဘာ (၃) ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ IMF က ဖေဖော်ဝါရီလ အာဏာသိမ်းမှုမပြုလုပ်မီ နှစ်ရက်အလိုက  အရပ်သားအစိုးရဆီကို ငွေလွဲပြောင်းခဲ့ပါတယ်။​ သို့ပေမယ့်လည်း ရှစ်လအကြာမှာ Covid19 ရောဂါတိုက်ဖျက်ရေး ကိုင်တွယ်ဖြေရှင်းဖို့နဲ့ လိုအပ်တဲ့ လူတစ်ဦးချင်း ကူညီဖို့ရည်ရွယ်ထားတဲ့ ဒီရည်ရွယ်ချက်ကို စစ်ကောင်စီက အသုံးပြုခဲ့တာမရှိဘူးလို့ “ IMF ပြောခွင့်ရှိသူ Gerry Rice ကပြောဆိုပါတယ်။​

စစ်ကောင်စီကလည်း  ယခင်အရပ်သားအစိုးရကဲ့သို့ ပွင့်လင်းမြင်သာမှုမရှိကြောင်းကိုလည်း Gerry Rice က ထပ်လောင်းပြောဆိုခဲ့ပါတယ်။ 

IMF က မြန်မာနိုင်ငံကို စုစုပေါင်း (၇၂၈) သန်း ကူညီပေးဖို့သဘောတူထားပြီး ဇွန်လ မှာ (၃၅၆) သန်း ကို ပထမဆုံးအကြိမ်ပေးပို့ခဲ့ပါတယ်။​

ဒီရံပုံငွေများထဲမှ မြန်မာငွေကျပ် သန်း ၁၀၀ အထက် ကန်ထရိုက်လုပ်ငန်းများကို ထုတ်ဖော်အသိပေးဖို့လည်း သဘောတူညီထားကြကြောင်း IMF က ပြောဆိုပါတယ်။​

IMF က ဒီကာလအတွင်းမှာ  အကူအညီအားလုံးကို ရပ်ဆိုင်းလိုက်ပါတယ်။ 

အရပ်သားအစိုးရလက်ထပ်မှာ ဒီရံပုံငွေနဲ့ လက်အိတ် ၊​နှာခေါင်းစည်း နဲ့ ဆေးဝါးတွေ ဝယ်ယူခဲ့တယ်လို့ နောက်ဆုံးအကြိမ်တင်ခဲ့တဲ့အစီရင်ခံစာမှာရေးသားထားပါတယ်။ 

Ref; ttps://coconuts.co 

Leave a Reply

Your email address will not be published. Required fields are marked *