KIA ကဖမ်းဆီးခေါ်ဆောင်သွားသည့် အသက် (၁၄) နှစ်အရွယ် မိန်းကလေး ပြန်လွှတ်ပေးခဲ့

KIA တပ်သားများကိုတွေ့ရစဉ် Photo/ internet

ဒီဇင်ဘာ ၁၉ ၊ ဗန်းမော်

ဗန်းမော်မြို့နယ် မြစေတီကျေးရွာတွင် KIA က ဒီဇင်ဘာလ ၈ ရက်နေ့၌ ဖမ်းဆီးခေါ်ဆောင်သွားသည့် အသက် (၁၄) နှစ်အရွယ် မိန်းကလေး ပြန်လည်လွှတ်မြောက်လာကြောင်း ၎င်းမိသားစုနှင့် နီးစပ်သူတစ်ဦးက ရှမ်းနီအသံကို ပြောသည်။

“ မနက်က (၉) နာရီမှ ပြန်လွှတ်လာတယ်။ သူ့အဖေက သူတို့က ရုံးရှိတဲ့နေရာမှာ သွားကြိုခဲ့တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မိန်းကလေးကို ဒီဇင်ဘာလ (၁၇) ညတွင်းချင်း လာရောက်ကြိုရန်အကြောင်းကြားခဲ့သော်လည်း သွားလာရေးအခက်အခဲကြောင့် ဒီဇင်ဘာ (၁၈)ရက်နေ့မှ နံနက်ပိုင်းမှ သွားကြိုခဲ့ရကြောင်း သိရသည်။

KIA တပ်မဟာ (၈) လက်အောက်ခံတပ်ရင်းမှ တပ်သား (၅) ဦးက ဒီဇင်ဘာလ (၈) ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မြန်မာပြည်မြောက်ပိုင်း ရှမ်းရေးရာအဖွဲ့မှ သိရသည်။

၂ဝ၂ဝ ခုနှစ်တွင်းတွင် KIA မှ ဖမ်းဆီးသူ စုစုပေါင်း (၃ဝ) ကျော်ရှိပြီး ထိုထဲမှ ရှမ်းတိုင်းရင်းသား ၉ ဦးပါဝင်ပြီး (၇) ဦး ပြန်လည်လွတ်မြောက်လာပြီး (၂) ဦးအသတ်ခံခဲ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *