KIO ပိုင် ဘူးဂါးလျှပ်စစ်ဓာတ်အားပေးရေးဓာတ်အားလိုင်းကြိုးများဗုံးကြဲခံရမှုကြောင့်  မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့မှာ လျှစ်စစ်မီးအလှည့်ကျသာသုံးစွဲနေရ

ဩဂုတ် ၁၄ ၊ ဝိုင်းမော် 

KIO ပိုင်တဲ့ ဘူးဂါးလျှပ်စစ်ဓာတ်အားပေးရေး ဓာတ်အားလိုင်းကြိုးများ ဗုံးကြဲခံရပြီးနောက် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့နယ်မှာ လျှပ်စစ်မီးအလှည့်ကျသာ သုံးစွဲနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ဝိုင်းမော်မြို့နယ်နဲ့ မြစ်ကြီးနားမြို့နယ်ကို မလိရေအားလျှစ်စစ်စက်ရုံမှ ပို့လွှတ်တဲ့ လျှပ်စစ်ကြိုးများ  ဗုံးကြဲခံရပြီးနောက်ပိုင်း  ဓာတ်အားမထုတ်လွှတ်ပေးနိုင်ခြင်းမရှိတော့တာကြောင့်လို့ ဒေသခံတွေက ဆိုပါတယ်။  

    “အလှည့်ကျပေးတာကဘယ်လိုပုံစံလဲဆိုတော့သူတို့ကချီဖွေရေအားလျှပ်စစ်ကနေရတဲ့ဟာပဲခွဲပြီးပေးတာပေါ့နော်မလိကနေလာတဲ့ဟာကျမရဘူးပေါ့တာဝါတိုင်ပျက်ထားတော့သွားပြင်လို့လည်းမရဘူးအေ့ဒီတာဝါတိုင်ပျက်တဲ့နေရာလည်းပဲစစ်ရေးတင်းမာတဲ့နေရာထဲရောက်နေလို့အဝင်မခံဘူးလို့ဘူးဂါးမှာအလုပ်လုပ်နေတဲ့လူတွေကိုယ်တိုင်ပြောတယ်ဟုဝိုင်းမော်မြို့ဒေသခံတစ်ဦးကပြောပြပါတယ်။

မလိဓာတ်အားပေးစက်ရုံမှ လျှပ်စစ်မီးမပို့လွှတ်နိုင်တော့တာကြောင့် လက်ရှိ ချီဖွေရေအားလျှပ်စစ်ကနေ လျှပ်စစ်ခွဲဝေသုံးစွဲနေရတာဖြစ်ပြီး လုံခြုံရေးအခြေအနေများကြောင့် သွားရောက်ပြင်ဆင်ရန် အခက်အခဲများ ရှိနေသည်ဟု သိရပါတယ်။

 လျှပ်စစ်မီးရရှိချိန်မှာ တစ်ရပ်ကွက်ကို တစ်ရက်ကို လေးနာရီသာ ရရှိသုံးစွဲနေရပြီး အဆင်မပြေမှုတွေဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ 

  အဆင်ကဘယ်လိုမှမပြေတာခုကဆီစျေးတွေကလည်းကြီးဆိုတော့ဘယ်လိုမှရပ်တည်လို့အဆင်မပြေထင်း၊မီးသွေးကိုပဲအားကိုးရတော့တာပေါ့လျှပ်စစ်မီးကိုတော့အားကိုးလို့မရတော့ဘူးဟုမြစ်ကြီးနားမြို့ကျွန်းပင်သာရပ်ကွက်တွင်းနေထိုင်သူတစ်ဦးကဆိုပါတယ်။

   မလိချောင်းအနီးတွင် သြဂုတ်လ(၃)ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ တိုက်ပွဲဖြစ်ပွားပြီး (၄)ရက်နေ့မှာ စစ်ကောင်စီဘက်မှ တိုက်ပွဲဖြစ်ပွားတဲ့ဒေသကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဓာတ်အားပေးစက်ရုံကို ကျရောက်ထိိမှန်ခဲ့တာလည်း ဖြစ်ပါတယ်။

  ဘူးဂါးလျှပ်စစ်ဓာတ်အားပေးရေးကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)က ပိုင်ဆိုင်ထားကာ  ၂၀၀၇ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး နှစ်သုံးဆယ်လုပ်ပိုင်ခွင့်ရရှိထားတဲ့ လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *