MDY -PDF ကို NUG စစ်ရုံးက တိုက်ရိုက်ကွက်ကဲတဲ့ အထူးလှုပ်ရှားတပ်မ အဖြစ် ပြောင်းလဲ

စစ်သင်တန်းဆင်းပွဲတစ်ခုမှာတွေ့ရသည့် မန္တလေး PDF တပ်ဖွဲ့များ/ Credit

ဖေဖော်ဝါရီ ၂၅ ၊ မန္တလေး 

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် ( MDY-PDF ) ကို NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်လက်အောက်မှ အထူးလှုပ်ရှားတပ်မအဖြစ် ပြောင်းလဲထားကြောင်း ဒီနေ့  တပ်တည်ထောင်ခြင်:     (၅ )နှစ်ပြည့် သ၀ဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။ 

အထူးလှုပ်ရှားတပ်မဟာ နွေဦးတော်လှန်ရေးတလျှောက် စုစည်းကျစ်လစ်မှု ၊ စစ်ပုံကျမှု နဲ့ တိုက်ခိုက်ရေးစွမ်းရည်ထူးခြားပြောင်မြောက်တယ်လို့  (NUG) ကာကွယ်ရေးဝန်ကြီးဌာန က ချီးကျူးထားပါတယ်။ 

“ ဒီနေ့ဟာ ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်ရဲ့တိုက်ရိုက်ကွက်ကဲမှုအောက်မှာ အထူးလှုပ်ရှားတပ်မအဖြစ်ပြောင်းလဲပြီး ပြည်သူတွေနဲ့အတူ ၊ အာဏာရှင်စနစ်ကိုအမြစ်ဖြတ်ဖို့ တော်လှန်ရေးတာဝန်များကိုဆက်လက် ထမ်းဆောင်နေဆဲဖြစ်ပါတယ်” လို့ MDY-PDF က ထုတ်ပြန်ပါတယ်။ 

MDY-PDF ဟာ ရှမ်းမြောက်က တအာင်း(ပလောင်)တပ် TNLA ထိန်းချုပ်နယ်မြေမှာ စတင်ခဲ့တာဖြစ်ပြီးတော့ ရှမ်းမြောက် စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပါတယ်။ 

ရှမ်းမြောက်တစ်ခွင်ကို သိမ်းပိုက်တဲ့ (၁၀၂၇) စစ်ဆင်ရေး ၊ မန္တလေးတိုင်းဒေသကြီးထဲက  မတ္တရာ၊ စဉ့်ကူး ၊ သပိတ်ကျင်း၊တကောင်းမြို့ ၊ မိုးကုတ်မြို့ တွေကို သိမ်းပိုက်တဲ့ ရှမ်းမန်းစစ်ဆင်ရေးတွေပါ အဓိက ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေးအဆုံးသတ်ပန်းတိုင်ရောက်ရှိဖို့ ဒီတပ်ဖွဲ့ဟာ  တွန်းအားတစ်ခုဖြစ်ပြီး တခြားသော တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်နိုင်ရေး ဆန္ဒပြုတယ်လို့ NUG က ပြောပါတယ်။ 

NUG က တိုင်းစစ်ဌာန (၁၀) ခု၊ တပ်မ (၁) ခု၊ တပ်ရင်းပေါင်း (၃၆၀) ရင်းရှိပြီးတော့ တိုက်ရိုက် ကွပ်ကဲမှုအောက်မှာထားရှိနေတယ်လို့ ဆိုပါတယ်။ 

NUG ရဲ့ အချက်အလက်များအရ တိုင်းနှင့်ပြည်နယ် (၁၁) ခု၊ ခရိုင် (၅၂) ခုရှိ မြို့နယ် (၂၅၀) ကျော်တွင် ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ)  တွေကိုဖွဲ့စည်းထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *