ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ်စတင်၊ ထိုင်းအရပ်ဘက်အဖွဲ့တချို့ကန့်ကွက်

ထိုင်းဝန်ကြီးချုပ် အနုတင် နှင့် ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံနေကြစဉ်/ PPIB

ဩဂုတ် ၆ ၊ ဘန်ကောက် 

ထိုင်းနိုင်ငံကို ချစ်ကြည်ရေးရောက်ရှိနေတဲ့ သမ္မတဦးမင်းအောင်လှိုင်ရဲ့ခရီးစဉ်အပေါ် ထိုင်းအရပ်ဘက်အဖွဲ့ ၁၆ ဖွဲ့က ကန့်ကွက်ကြောင်းစာတစ်စောင်ကို ဒီနေ့ ဩဂုတ်လ (၆) ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ 

ဦးမင်းအောင်လှိုင်ရဲ့ထိုင်းခရီးစဉ်ဟာ ဒီနေ့ ဩဂုတ်လ မနက်ပိုင်းမှာ စတင်ခဲ့ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် ၊ ဒု-ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဟက်ဆီယာက လေဆိပ်မှာ ကြိုဆိုခဲ့ပါတယ်။ 

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ကူရာဝီလ်နဲ့ ဦးမင်းအောင်လှိုင် ကို အစိုးရအိမ်တော်မှာလက်ခံတွေ့ဆုံခဲ့ပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံဆွေးနွေးမှုတွေကို စတင်ခဲ့ပါတယ်။ 

ဆွေးနွေးပွဲကနေ နားလည်မှုစာချွန်လွှာများနဲ့ သဘောတူစာချုပ်များ အပြန်အလှန်လက်မှတ်ရေးထိုလဲလှယ်မှု တွေကိုလည်း ပြုလုပ်ခဲ့ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ 

ထိုင်းအစိုးရအနေနဲ့ ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရကို တရားဝင်အသိအမှတ်ပြုစေမယ့်လုပ်ရပ်တွေကို ရှောင်ရှားဖို့အတွက် တိုက်တွန်းထားပြီး ၊ထိတွေ့ဆက်ဆံမှုတွေကြောင့် ဒေသတွင်း တည်ငြိမ်ရေးကို မြှင့်တင်မှာမဟုတ်ဘဲ မြန်မာနိုင်ငံပဋိပက္ခကိုသာ ပိုမိုရှည်ကြာစေမယ်လို့ ဆိုထားပါတယ်။ 

ဒါ့အပြင် ဒီမိုကရေစီအုပ်ချုပ်ရေး ပြန်လည်ပေါ်ပေါက်လာတဲ့အချိန်မှ အာဆီယံမှာ မြန်မာကိုအပြည့်အဝလက်ခံရေးကိုလည်း တောင်းဆိုတယ်လို့ပြောပါတယ်။

ထိုင်းအစိုးရက အာဆီယံအနေနဲ့ မြန်မာကို ထိတွေ့ဆက်ဆံသင့်ကြောင်း အခုခရီးစဉ်မတိုင်မှီက ထုတ်ဖော်ပြောဆိုထားပါတယ်။ 

ဒီ (၁၆) ဖွဲ့ဟာ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့  အကာအကွယ်ကို တိုးမြှင့်ပေးရေးမြန်မာနိုင်ငံသားတွေအတွက် သီးခြားလွတ်လပ်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို တိုးချဲ့ပေးဖို့နဲ့  စစ်အစိုးရရဲ့ တရားဝင်မှုကို လက်မခံဖို့ကို တိုက်တွန်းထားတာလည်းဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံခရီးစဉ်ဟာ အာဆီယံနိုင်ငံတွေထဲ  တရားဝင်သွားရောက်တဲ့ ဦးမင်းအောင်လှိုင်ရဲ့  ဒုတိယခရီးစဉ်လည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *