စစ်တပ်ဟာ ဒစ်ဂျယ်တယ်နည်းနဲ့အသုံးပြုပြီး ထောက်လှမ်းတဲ့နေရာမှာ သိသိသာတိုးတက်လာတယ်လို့ဆို 

ACLED ထုတ်ပြန်ချက်

ဇူလိုင်(၂၈)၊ ဘန်ကောက်

မြန်မာစစ်တပ်ဟာ ဉာဏ်ရည်တုနည်းပညာ (AI)  အပါအဝင် တစ်ခြား ဒစ်ဂျစ်တယ်နည်းလမ်းတွေအသုံးပြုစောင့်ကြည့်ခြင်းတွေမှာ အခုနှစ်တွေအတွင်း သိသိသာသာတိုးတက်လာတယ်လို့ စစ်မြေပြင်သတင်းအချက်အလက်တွေကို လေ့လာနေတဲ့ သုတေသနအဖွဲ့ (ACLED) ရဲ့ မနေ့ကအစီရင်ခံစာမှာ ဖော်ပြလာပါတယ်။

ဒီ Armed Conflict Location & Event Data Project (ACLED) အဖွဲ့ရဲ့အစီရင်ခံစာအရ စစ်တပ်က PSMS နည်းနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီစောင့်ကြည့်ရေးစနစ်ကို AI ၊ ဇီဝအချက်အလက် Biometric data  ၊CCTV နည်းပညာတွေနဲ့ ပေါင်းစပ်ခြေရာခံခြင်းတွေ လုပ်ဆောင်နေတာဖြစ်ကြောင်း ဆိုပါတယ်။

ဒီနည်းပညာတွေကြောင့်  (၂၀၂၄) ခုနှစ်ကနေ အခု(၂၀၂၆) ခုနှစ် မေလအထိ သုံးနှစ်နီးပါးကာလမှာ အွန်လိုင်းမှတစ်ဆင့်ဖမ်းဆီးခံရသူ (၂)သောင်းကျော် ရှိနေတယ်လို့ သိရပါတယ်။

ဒီထဲက ဖမ်းဆီးမှုအများဆုံးဖြစ်ပွားခဲ့တဲ့ကာလက ရွေးကောက်ပွဲကာလနဲ့ စစ်ခေါင်းဆောင်အပြောင်းအလဲကာလတွေမှာ ပိုမိုများပြားခဲ့တာဖြစ်ပြီး အွန်လိုင်းအပြင် လက်ကိုင်ဖုန်းဆက်သွယ်ခြင်းကနေလည်း ထောက်လှမ်းစောင့်ကြည့်နေတာဖြစ်ကြောင်း ဆိုပါတယ်။ 

နောက်ထပ် ဦးမင်းအောင်လှိုင်ကနေ ဗိုလ်ချုပ်ရဲဝင်းဦးက စစ်ခေါင်းဆောင်အဖြစ် ပြောင်းလဲပြီးတဲ့နောက်မှာ စစ်ဆင်ရေးနည်းဗျူဟာတွေလည်း  ပြောင်းလဲလာနေကြောင်း အစီရင်ခံစာက ထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့မေလမှာ  လေကြောင်းနဲ့ဒရုန်းတိုက်ခိုက်မှုတွေ ပိုမိုတိုးမြှင့်ခဲ့ပြီးနောက် အခုမိုးရာသီကာလမှာတော့ လျော့ကျသွားပေမယ့် စိုက်ပျိုးရာသီအလွန် အောက်တိုဘာလကနေစပြီး တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်ရယူဖို့ထပ်မံကြိုးစားမှုတွေရှိလာနိုင်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ဆက်စပ်ပြီး သေဆုံးသူဦးရေ  တစ်သိန်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း မီဒီယာအစီရင်ခံစာများနဲ့ အတည်ပြုနိုင်တဲ့ ပဋိပက္ခဖြစ်စဉ်အချက်အလက်တွေ စုဆောင်းတွက်ချက်ထားမှုကို  ACLED က  ဂျူလိုင်လမှာ ထုတ်ပြန်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *