NCA (၁၀) နှစ်ပြည့်ပွဲ မတက်ရောက်ဖို့ နိုင်ငံတကာကို တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ တိုက်တွန်း

အောက်တိုဘာ ၁၃၊ နေပြည်တော် 

NCA  လက်မှတ်ရေးထိုးခြင်း (၁၀)နှစ်ပြည့် အခမ်းအနားကို အာဆီယံနဲ့ နိုင်ငံတကာက မတက်ရောက်ကြဖို့ တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ က ဒီနေ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မွန်ပြည်သစ်ပါတီ NMSP (AD) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU ၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ ကျောင်းသားတပ် ABSDF တို့က ကန့်ကွက်ကြတာဖြစ်ပါတယ်။ 

ဒါတင်မက အခမ်းအနားသို့ နိုင်ငံတကာကမတက်ရောက်ကြပဲ ပြည်သူနှင့် အတူရပ်တည်ကြောင်း ပြသကြရန် တောင်းဆိုထားပါတယ်။

NCA အခမ်းအနားကို လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ကနေ သုံးရက်တိုင် ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် KNU၊ CNF၊ ABSDF နှင့် PNLO  တို့လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် NMSP(AD)  နှင့် LDU တို့ လက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါတယ်။

၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက် NCA စာချုပ်တွင်ပါရှိသော အခြေခံမူများနှင့် ရည်မှန်းချက်များဖျက်စီးလိုက်ပြီဖြစ်ပြီး ၎င်းအကောင်အထည်ဖော်ဆောင်မှုရပ်ဆိုင်းသွားကာ စက္ကူစုတ်တစ်ခုအဖြစ်သို့ ရောက်ရှိသွားပြီလို့ အဆိုပါအဖွဲ့များက ပြောဆိုထားတာလည်းဖြစ်ပါတယ်။

စစ်ကော်မရှင်က အောက်တိုဘာ ၉ ရက်နေ့မှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်နဲ့ တွေ့ဆုံချိန်တွင် အဆိုပါအခမ်းအနားကို နိုင်ငံတကာက အသိသက်သေတွေလည်း တက်ရောက်မယ်လို့ ပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *