NUG ကငလျင်ဒဏ်သင့်ဒေသတွေအတွက်ကန်ဒေါ်လာ၁.၃သန်းကူညီထား

ဧပြီ ၂၉ ၊ စစ်ကိုင်း

မန္တလေး၊ စစ်ကိုင်း ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ထိခိုက်သူတွေအတွက် NUG အနေနဲ့ ၅ ဒသမ ၆ ဘီလီယံ ( ဒေါ်လာ ၁.၃ သန်းခန့်) ကူညီထားတယ်လို့ NUG ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော က ဆိုပါတယ်။ 

အကူအညီတွေကို ငလျင်ဒဏ်သင့်ဒေသတွေဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်း ၊ နေပြည်တော် ၊ ပဲခူး နဲ့ ရှမ်းပြည်တောင်ပိုင်းဒေသတွေဆီကို ကူညီခဲ့တာဖြစ်ပြီး ဆက်လက်ကူညီမှုတွေဆောင်ရွက်နေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

ဒါ့အပြင် မြေငလျင်ဆိုင်ရာ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေး အစီအစဉ်တွေကို ပြင်ဆင်ပြီးတော့ စီးပွားရေးနဲ့ လူမှုဝန်းကျင်သက်ရောက်မှုလျော့ပါးအောင်လုပ်ဆောင်မှုတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ 

ငလျင်လှုပ်ခတ်မှုကြောင့် NUG ထိန်းချုပ်မှုနဲ့ အုပ်ချုပ်ရေးယန္တရားရှိနေတဲ့ စစ်ကိုင်းနဲ့ မန္တလေးက ဒေသတချို့မှာ ထိခိုက်မှုတွေရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ 

ဒေသခံတချို့ကို စုံစမ်းမေးမြန်းမှုတွေအရ NUG ရဲ့ ကူညီထောက်ပံ့မှုရော ၊ စစ်ကောင်စီရဲ့ ကူညီထောက်ပံ့မှုတွေကိုရော လက်ရှိအချိန်ထိ တိုက်ရိုက်မရသေးပဲ ပရဟိတအဖွဲ့တွေဆီကနေ ကူညီမှုတွေသာရှိသေးကြောင်း စစ်ကိုင်းဒေသခံတချို့ကပြောပါတယ်။ 

ငလျင်ရဲ့ ဗဟိုချက်မဖြစ်ခဲ့တဲ့ နေရာတွေဟာ NUG လက်အောက်ရှိ ဒေသကာကွယ်ရေးတပ်များ စိုးမိုးထားတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ 

ငလျင်ကြောင့် ထိခိုက်သေဆုံးသူ လေးထောင့်နှစ်ရာကျော်ရှိပြီး ဒဏ်ရာရရှိသူ သုံးထောင့်ခြောက်ရာကျော်ရှိကြာ အဆောက်အဦးပေါင်း သုံးသောင်းသုံးထောင်ကျော် ပျက်စီးခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *