ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့်တွင် ဖမ်းဆီးရမိတဲ့ မူးဆစ်ဆေးဝါးတွေကို ဒီနေ့မှာပဲ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့မှာ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် သမ္မတဟောင်းဦးသိန်းစိန်လက်ထက်က ရေးထိုးခဲ့တဲ့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး စာချုပ်ဖြစ်ပါတယ်။
စိတ်ကြွဆေးပြား – ၁၁ သန်း ၊ ဘိန်းမှုန့် ၃၀၄ ဂရမ် ၊ အက်ဆစ် ၄၃၀၀ လီတာ ၊ ဆိုဒါမှုန့် ၃၆၀၀၀ ကီလိုဂ၇မ် ကို လွိုင်တိုင်းလျှန်း ဗဟိုဌာနချုပ် မှာ ဒီနေ့ ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း RCSS/SSA က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ ဓါတုဆေးပစ္စည်းတင်ဆောင်လာတဲ့ ၁၂ ဘီးကား (၃) စီးကို ဖမ်းဆီးခဲ့တယ်လို့ သူတို့ရဲ့ မီဒီယာကနေ ဖော်ပြခဲ့ပါတယ်။
RCSSကနိုင်ငံရေး ပြဿနာ မဖြေရှင်းဘဲ မူးယစ်ပြဿနာ ဖြေရှင်း၍မရ၊ မူးယစ်ဆေးဝါးများ သျှမ်းပြည်မှ ထွက်ရှိတာကြောင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပြည့်အဝရရှိမှသာ အောင်မြင်အောင် အားလုံး စုပေါင်းပါဝင်ဖြေရှင်းနိုင်မယ်လို့ ၂၀၀၉ ခုနှစ် မတ်လက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။