RCSS/SSA နဲ့စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့တို့ပြည်ထောင်စုသဘောတူစာချုပ်ကိုဆွေးနွေးခဲ့

 မေ ၂၃ ၊ နေပြည်တော် 

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့တို့က  ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁/၂/၃) ပါ သဘောတူညီချက်များကို ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။​

မေလ ၂၀​ရက် နေ့ကမနေ ၂၂ ရက်နေ့အထိ ၃ ရက်တာဆွေးနွေးမှုမှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းတွေ ၊  အစိတ်အပိုင်း (၃) ကနေ ဆက်လက်ဆွေးနွေးဖို့ကျန်တဲ့ ဇယား ၂ နဲ့ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာ အထွေထွေကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက်တွေကို အတည်ပြုလက်မှတ်ရေးထိုးခဲ့တာလို့လည်း နှစ်ဖွဲ့လုံးက ထုတ်ပြန်ကြပါတယ်။

RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံမှုဟာ အပြုသဘောဆောင်ပြီး အပြန်အလှန်ယုံကြည်မှုတွေကို ထပ်မံတိုးမြင့်တည်ဆောက်နိုင်ခဲ့သလို ဖက်ဒရယ် နှင့် ဒီမိုကရေစီကိစ္စ၊  ပါတီစုံနိုင်ငံရေးစနစ်၊ အနာဂတ် ပြည် ထောင်စုကို ပုံဖော်ခြင်းကိစ္စ၊ လက်ရှိ နိုင်ငံရေး အကျပ်အတည်း ဝိုင်းဝန်းပူးတွဲ ဖြေရှင်းရေးကိစ္စ အပါအဝင် အရေးကြီးတဲ့ အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲများကိစ္စ၊ လုပ်ငန်းစဉ်နဲ့ အချိန်ဇယားတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်နိုင်ခဲ့ပါတယ်လို့လည်း မေလ ၂၁ ရက်နေ့ တွေ့ဆုံပွဲက ပြောဆိုခဲ့ပါတယ်။ 

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအကြောင်းကိုလည်း ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို တက်ရောက်မယ့်အဖွဲ့ (၁၀)​ဖွဲ့ရှိပြီးတော့ RCSS/SSA  အဖွဲ့က ပထမဆုံး တွေ့ဆုံတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ 

မေလ ၂၃ ရက်နေ့မှာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ မွန်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့လည်း နေပြည်တော်မှာ စတင်တွေ့ဆုံနေပြီဖြစ်သလို RCSS/SSA လည်း ဌာနေကို ဒီနေ့မှာပဲ ပြန်နေပြီဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *